"ညီ စာအုပ်တွေ သေချာထည့်"
"ဟုတ်"
"ထည့်ပေးလိုက်တဲ့ပေါင်မုန်နဲ့ နို့ဘူးတွေကိုကုန်အောင်စားခဲ့နော်"
"ဟုတ်"
"ကျောင်းကမဟုတ်တာတွေဝယ်မစားနဲ့"
"ဟုတ်"
ကိုယ်ကသာကလေးအမေကြီးကျလို့အကုန်ပူပန်နေရတာ သူကတော့ကုတင်ပေါ်မှာခေါင်းအုံးကြီးပိုက်ပြီးငိုက်နေလေရဲ့ ပါးစပ်ကတော့ ဟုတ် ဟုတ် နဲ့ ပြောနေတာဘဲ hak အသည်းယားစရာ မျက်လုံးပေါက်ကမဖွင့်နိုင်ဘူး
"ညီ"
"ညီ"
အယ် ဟုတ် တောင်ပြန်မပြောနိုင်တော့ဘူး ထိုင်ရက်ကြီးအိပ်ပျော်နေပြန်ပြီအိပ်ပျော်နေတဲ့ အသက်ကလေး ကိုမနှိုးချင်ပေမယ့်လဲ ကျောင်းပျက်ထားတာတွေများပြီး ရအောင်နှိုးပြီးကျောင်းကိုပို့ရမယ်
"ညီ"
လက်ထဲကပိုက်ထားတဲ့ခေါင်းအုံးကိုဆွဲယူလိုက်တော့ကိုယ့်အပေါ်ယိုင်ကျလာတဲ့ညီ ပါးစပ်လေးဟပြီး အိပ်နေပုံလေးက မွေးကင်းစ ကလေးပမာ မနက်ခင်းအိပ်ရာနှိုးစမလို့ ရှုတ်ပွနေတဲ့ဆံပင်နဲ့ ပြောင်လက်နေတဲ့မျက်နှာဖွေးဖွေးဥဥလေး ဘယ်အချိန်နေနေ အသည်းယားဖို့ကောင်းလွန်းတယ် ကျောင်းသွားဖ်ု့အချိန်နီးကပ်လာလို့ အသက်ကလေးကို မနှိုးချင်လဲနှိုးရတော့မယ်"ညီ ထ ကျောင်းသွားရမယ်လေ"
ဆံပင်လေးကိုသပ်တင်ပေးလိုက်ရင်းခပ်ဖွဖွလေးခေါင်းကိုပုတ်နှိုးလိုက်တယ်"ကိုကို~~~"
မျက်လုံးဝိုင်းဝိုင်းလေးကအခုဆိုရင်ဖြင့် ကျဉ်းကျဉ်းလေးဘဲပွင့်နေသေးတဲ့ညီ အိပ်ရေးဝပုံမပေါ်သေး
"Ommကျောင်းသွားရမယ်လေ"
"ommကိုကို လိုက်ပို့မှာလား"
အသက်ကလေးရဲ့ မူပိုင် နှုတ်ခမ်းထူထူလေးကိုအနည်းငယ်စူပြီး ပြောနေတယ်
"ဒါပေါ့ ကိုကို လိုက်ပို့မှာ"
"တကယ်"
အခုမှမျက်လုံးဝိုင်းဝိုင်းလေးတွေပြောလာပြီး ပါးမို့မို့လေးထပ်ကပါးချိုင့်လေးပါခွက်ဝင်သွားလေရဲ့
YOU ARE READING
'ညီ'အလိုကျ ~~~~
Fanfictionစေညွန်လိုက်ပါ ညီ~~ စေခိုင်းလိုက်ပါ ညီ~~ ကိုကို့အသက်ကိုတောင်စွန့်နိုင်တယ်ညီ~~ အားလုံးဖြစ်စေရမယ်ညီ~~ ကိုကို့ နှလုံးသားကိုရင်းရလဲရပါတယ်ညီ~~ ပျော်ရွင်ပါစေညီ~~