ကြယ်ပျောက်သောမိုးကောင်ကင်ကြီး
ပူအိုက်သောရာသီဥတု
မကြာခင်မိုးရွာလေမလား
ချိန်း ချိန်း (မိုးချိန်းသံ)
ဟော်ပြောရင်းအသံပေးလာတဲ့မိုး
ဝေါ ကနဲ ဝေါကနဲ ရွာချလာတဲ့မိုး
ပြတင်းပေါက်မပိတ်မိဘဲအိပ်ပျော်နေတဲ့ကောင်လေးရဲ့မျက်နှာပေါ်လာရောက်ထိတွေ့နေတဲ့မိုးရေစက်တွေ
မိုးရေစက်တွေကြောင့် မကြာခင်မှာဘဲနိုးလာတဲ့ကောင်လေး
"arr ပြတင်းပေါက်မပိတ်မိဘဲအိပ်မိတာဘဲ Oh!! ကောင်းလိုက်တဲ့မိုး"
ပြတင်းပေါက်ပိတ်ရင်းသည်းထိန်စွာရွာသွန်းနေတဲ့မိုးကိုကြည့်ရင်ရေရွတ်လိုက်တယ်"ညီ!"
အတွေးထဲဖျတ်ကနဲဝင်ရောက်လာတဲ့ညီမိုးချိန်းရင်တစ်ယောက်ထဲမနေရဲတဲ့ညီ စိတ်ပူခြင်းတွေကထိပ်ဆုံးကိုရောက်လာချိန်မှာ ညီရှိရာ အခန်းစီကိုအမြန်ထွက်လာခဲ့တယ် အခန်း၂ခန်းဘေးချင်းကပ်နေပေမယ့် ကိုယ့်အခန်းကအထွက်မှာ မီးပျက်သွားခဲ့တယ်
"ကျစ် မီးကလဲ "
ငယ်ငယ်ကတည်းကနေလာသောကြောင့်အိမ်ရဲ့နေရာတိုင်းကိုအကျွမ်းဝင်စွာ အမှောင်ထဲမှာဘဲ ညီအခန်းကိုအမြန်ရောက်အောင်ဝင်လာခဲ့တယ်
အမှောင်ထဲနေသားကျလာတဲ့မျက်လုံးကြောင့်ပတ်ဝန်းကျင်ကအနည်းငယ်သဲကွဲလာတယ်
ညီအခန်းထဲရောက်တော့
ချိန်း!!!!မိုးချိန်းသံအကျယ်ကြီးရဲ့နောက်
"အား!!! ကိုကို ဟင့် ကိုကို ညီကိုလာခေါ်ပါ"ငိုသံလေးစွတ်ပြီး အားကိုးတကြီးကိုယ့်နာမည်ကိုအော်ခေါ်နေတဲ့ညီ
လျှပ်စီးကြောင်းတစ်ခုကြောင့်ညီမျက်နှာလေးကိုတခဏရှင်းရှင်းလင်းလင်းမြင်တွေ့လိုက်ရတယ် ပါးမို့မို့လေးထပ်ကမျက်ရည်စီးကြောင်းလေးဟာလဲလက်ကနဲ
"ညီ!"
"ကိုကို ……ကိုကိုလားဟင် "
"ကိုယ့် အသက်ကလေး ကြောက်နေတာလား"
အိပ်ယာပေါ်မှာခေါင်းအုံးလေးပိုက်ပြီးငိုနေတဲ့ကိုယ့်ရဲ့အသက်ကလေး ကို သူ့ရှိရာအိပ်ယာပေါ်တက်ပြီးဖက်ထားပေးမိတယ်

YOU ARE READING
'ညီ'အလိုကျ ~~~~
Fanfictionစေညွန်လိုက်ပါ ညီ~~ စေခိုင်းလိုက်ပါ ညီ~~ ကိုကို့အသက်ကိုတောင်စွန့်နိုင်တယ်ညီ~~ အားလုံးဖြစ်စေရမယ်ညီ~~ ကိုကို့ နှလုံးသားကိုရင်းရလဲရပါတယ်ညီ~~ ပျော်ရွင်ပါစေညီ~~