🌚F.A🌚
စတိုးဆိုင်လေးထဲက ခုံလေးပေါ်ထိုင်လိုက်ပြီး
Hyung စားပွဲပေါ်တင်ထားတဲ့
ခေါက်ဆွဲဗူးလေးကျက်အောင်စောင့်နေလိုက်သည်ဘေးက Hyungကတော့ ကျနော့်ခေါက်ဆွဲဗူးကိုဖွင့်ပြီး ကျက်မကျက်ကြည့်နေလေရဲ့....
ခုံပေါ်လက်ထောက်ကာလက်ပေါ်မေးတင်
လိုက်ရင်း Hyungကိုကြည့်နေမိသည်။ပြည့်စုံလိုက်တာ......
လေလေးတဝူးဝူးမှုတ်ရင်းခေါက်ဆွဲအေးအောင်
လုပ်ပေးနေတဲ့Hyungက ကျနော်သူ့ကို
ုပြုံးရင်းကြည့်နေတာကိုမသိရှာ...အာရုံကကျနော်စားမဲ့ခေါက်ဆွဲဗူးလေးဆီမှာသာရှိနေတာမို့ မြင်နေရတဲ့ ညာဘက်ပါးလေးကိုလှမ်းကာမွှေးကြူလိုက်သည်...။
Chu~~
တအံ့တသြနဲ့မျက်လုံးပြူးကာလှည့်ကြည့်လာတဲ့
Hyung ကို ပြုံးပြလိုက်တော့..."ခွေးပေါက်လေး အသည်းယားအောင်လာလုပ်
နေတယ်"တဲ့လေ...။ပြုံးနေရင်းသာဆက်ကြည့်နေမိတော့သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ခေါက်ဆွဲလေးကိုတူလေးနဲ့တရွှတ်ရွှတ်စားနေတဲ့ကောင်လေးကိုကြည့်ပြီး Chanyeol တူကိုင်
ထားလျက်ကြောင်ကြည့်နေမိသည်။ခုနကလူကိုမထိတထိလှမ်းနမ်းပြီးအသည်းယားအောင်လုပ်ပြီးတော့ အခုကျသူဘားမှ
မသိသလိုနဲ့...Chanyeol ဖက်နမ်းချင်စိတ်တွေကို
ဒုတိယတကြိမ်ကုတင်ပေါ်ပြန်ပစ်တင်လိုက်ရသည်။"Baek..."
"ဟင်"
ပလုပ်ပလောင်းစားနေရင်းကျနော်ခေါ်တာလေး ကိုလှည့်ကြည့်လာသူလေး....
"Hyungလို့မခေါ်ဘဲ ကိုယ့်ကိုတစ်မျိုးပြောင်း
ခေါ်ပါလားဟင်""ကို.."
"ဟင် "
"ကို လို့ခေါ်မယ်လေ"
YOU ARE READING
🌚F.A🌚 [Completed]
FanfictionFAတစ်ယောက်၏ဘ၀အာုးရင်နှင့်ရင်း၍ရေးသားသည်... FAတစ်ယောက်၏ဘဝအား ရင်နှင့်ရင်း၍ရေးသားသည်... Chanyeol × Baekhyun_YAOI