Zawgyi
🌚F.A🌚
အတန်းထဲယိုင်တိယိုင်တိုင်နဲ့ဝင်လာခဲ့ပြီး
ထိုင်နေကျစားပွဲရှေ့ရောက်တာနဲ့ Baekhyun
ခေါင်းမှောက်အိပ်လိုက်သည်။ဒီနေ့ Tutoဖြေရမှာမို့သာကျောင်းလာတက်ခြင်း
နို့မို့ဆို Baekhyun တက်ဖြစ်မှာမဟုတ်။မနေ့က ရီရှင်းရဲ့ Sheep သီချင်းကို
Alan Walker နဲ့ Relift Ver ထွက်လာတာမို့
တစ်ညလုံးမအိပ်မနေ...ထိုင်Streamနေခဲ့တာ..
မအိပ်ထားတာမို့ မျက်လုံးတို့ကဖန်စပ်နေပြီး..
နားထဲကလေတွေအူထွက်နေလေရဲ့..အိပ်ပျော်လုနီးနီးမှာပဲ...ပုခုံးကိုလက်နဲ့လှုပ်နှိုးလာတာမို့. ဒေါသထွက်သွားရသည်။
"Yarrr Xiao Luhan!! ငါအိပ်ချင်နေတာ..
မနှောင့်ယှက်နဲ့..ဟင်..Chanyeol Shi?"ခေါင်းထောင်ပြီးရန်အတွေ့မှာမြင်လိုက်ရတဲ့
ခပ်ချောချောမျက်နှာ..ဒီလူကြီးအတန်းထဲထိဘာလာလုပ်တာ?
ကျနော့်ကိုတစ်ချက်ပြုံးပြပြီး..
သူ့လက်ထဲက အားဖြည့်အချိုရည်ဘူးလေးကို
အဖုံးလေးဖွင့်ပြီး..ကျနော့်ကိုပေးလာလေရဲ့..ကြောင်တောင်တောင်နဲ့လှမ်းယူလိုက်မိတော့..
"Baekhyun ညက Stream နေလို့ မအိပ်ရသေးဘူးမလား..အဲ့တာအားရှိပြီးလန်းသွားအောင်
အချိုရည်လာတိုက်တာ...ညက 1M viewer
ပြည့်တယ်နော်..ကိုယ်လည်း Stream နေတယ်
ဟီး...အာ..ကိုယ်အတန်းချိန်ရှိလို့သွားတော့
မယ်နော်..တာ့တာ..."တစ်ချက်မှမနားဘဲစကားတွေပြောသွားပြီး
တာ့တာပြကာထွက်သွားတဲ့သူ့ကို
ကြောင်ပြီးသာကြည့်နေမိသည်။ဒီ..ဒီလိုမျိုး....ကျနော်လိုချင်တာ..
ဒီလိုကျနော်နဲ့စိတ်တူကိုယ်တူရည်းစားမျိုး😭အား...ရင်တွေခုန်လိုက်တာနော် T.T
မရတော့ပါဘူး..လူကြီးရေ..
ကျနော်ခင်များကိုသဘောပြန်ကျမိနေပါပြီလို့😭
ESTÁS LEYENDO
🌚F.A🌚 [Completed]
FanficFAတစ်ယောက်၏ဘ၀အာုးရင်နှင့်ရင်း၍ရေးသားသည်... FAတစ်ယောက်၏ဘဝအား ရင်နှင့်ရင်း၍ရေးသားသည်... Chanyeol × Baekhyun_YAOI