P.26

5.1K 674 58
                                    

🌚F.A🌚

တနင်္ဂနွေနေ့တစ်နေ့..
ရှင်းရှင်းပြောရရင် ကျနော် Accidentဖြစ်ပြီး
တစ်ပတ်မြောက်နေ့ပေါ့...
အရင်တစ်ပတ်ကမလုပ်ဖြစ်ခဲ့တဲ့ဒိတ်တစ်ခုကို
လှပစွာပုံဖော်ဖို့အတွက်..
မနက်ပိုင်းတည်းက မနက်စာစားဖို့
ကားနဲ့လာခေါ်ခဲ့ပေမဲ့..
စားသောက်ဆိုင်မသွားသေးဘဲ
ကားပေါ်မှာ ကျနော့်ရင်ခွင်ထဲခေါင်းတိုးလျက်
Accident အကြောင်းမေးနေလေရဲ့.. ။

"ကိုယ့်ကားကိုတိုက်တဲ့တရားခံကိုစစ်ပြီးသွားပြီ
ကိုယ်နဲ့ပြိုင်ဘက် Company ကလုပ်ကြံတာတဲ့
အခုအသစ်ဆောက်နေတဲ့အရောင်းပြခန်းရယ်
KIA ကနေထုတ်တဲ့ Brandအခွဲတစ်ခုကလည်း
အောင်မြင်နေတာမို့...မနာလိုတာတဲ့
အခု..အဲ့ကားသမားရဲ့ဝန်ခံချက်အရ..
ကိုယ့်အဲ့ Company ကိုပါ တရားစွဲလိုက်ပြီ
ဘေဘီ"

"ဘေဘီ့ရဲ့အသည်းကိုပါကွဲစေဖို့ရည်ရွယ်ထား
လားမသိဘူးနော်..အဲ့ Companyက"

"Agioooo...ကိုယ်သေရင် ဘေဘီတကယ်
အသည်းကွဲမှာပေါ့..ဟုတ်လား"

အသည်းယားဖို့ကောင်းစွာပြောလာတဲ့
စကားလေးအဆုံးမှာ

သူ့မေးဖျားလေးကိုမော့စေကာမေးတော့..

"ဒါပေါ့....ကို သတိမေ့နေတုန်းကတောင်
သတိပြန်မရမှာစိုးလို့ ဘေဘီဘယ်လောက်စိတ်
ပူနေခဲ့ရလဲ...ကိုသာ ဒီထက်ဆိုးရွားတာဖြစ်ခဲ့
ရင်...ရူးပြီသေလောက်တယ်သိလား..
ဘာလဲ..ကိုကမယုံဘူးလား"

မျက်စောင်းထိုးကာဆူပုတ်ပုတ်လေးမေးလာ
တဲ့အသည်းလေးကို တစ်ချက်လှမ်းနမ်းလိုက်
သည်။

"ပြွတ်စ်...ယုံတာပေါ့...ယုံတာမှဟိုး....
အသည်းထဲကကိုယုံတာ..."

"ဟိ..လူပိုကြီး"

သဘောတကျလေးပြုံးပြီးရင်ခွင်ထဲတိုးဝင်
လာတဲ့ကောင်လေးရဲ့ဆံနွယ်တွေရဲ့နှာခေါင်း
နှစ်ထားလိုက်သည်။
သိပ်မကြာလိုက်ခင်မှာပဲ..

"ကို...သွားကြမယ်လေ..ဘေဘီဗိုက်ဆာလာ
ပြီ..."

"ဟုတ်ပါပြီဗျာ..ဘေဘီ ခါးပတ်ပတ်ထားနော်"

🌚F.A🌚 [Completed]Donde viven las historias. Descúbrelo ahora