မွေး​နေ့စပရိုက်

3.6K 376 34
                                    


" ​ဖေ​ဖေတို့သားကို ဘာလို့ ဒီပြန်​​ခေါ်လိုက်​တာလဲ
သားသိလား ..."

"​မေ​မေ​ပြောတာ​တော့ ​ဖေ​ဖေ့ကုမ္ပဏီမှာ ဦးစီးခိုင်းမလို့ဆို"

"အင်း ...
အဲ့ဒါလည်း အဲ့ဒါ​ပေမဲ့
အဓိကက သားကို အိမ်​​ထောင်​ချ​ပေးမလို့ "

" ဗျာ..."

"ဟုတ်​တယ်​သားရဲ့ ..
သားကို သား​ဖေ​ဖေသူငယ်​ချင်းရဲ့သားနဲ့ ​မေ​မေတို့က ​နေရာချ​ပေးမလို့ "

" ​မေ​မေအခု သားကို
ယောက်ျား​ပေးစားမယ်​လို့​ပြော​နေတာလား"

"​ယောက်ျား​ပေးစားမှာမဟုတ်​ပါဘူးသားရဲ့
ယောက်ျားယူရမှာ ..
သူက သားထက်​ ၆နှစ်​​လောက်​ငယ်​တယ်​ "

"ဟင်​ ​မေ​မေတို့ကလည်း
သားကို ခ​လေးမုန့်​​ပေးယူတယ်​လို့​ပြောကြမှာ​ပေါ့ "

ခ​လေးဆိုလို့
ဟို​နေ့က ​လေဆိပ်​မှ ယွန်းဂီကို
ရန်​စသွား​တော့ ဘဲနှုတ်​သီးနဲ့​ကောင်​​လေးကို​တောင်
သတိရသွား​သေး

ရုပ်​​လေးနဲ့မှ မလိုက်​ ရန်​​တွေ့သွားတာများ ကပ်​ကပ်​ကိုလန်​လို့

" အဲ့ဒါ​တော့မပူနဲ့သား
အဲ့​ကောင်​​လေးမိဘ​တွေကိုယ်​တိုင်​ကိုက
မေ​မေတို့အဖိုးတန်​သား​လေးနဲ့
ရက်​ရက်​​ရော​ရောကို​ပေးစားချင်​​နေတာ ..
သားဘက်​က လက်​ခံတာနဲ့ မင်္ဂလာပွဲကို
ဒီအပတ်​အတွင်းလုပ်​ချင်​တယ်​တဲ့"

" ဟင်​ ..အဲ့​လောက်​​တောင်​မြန်​လား​မေ​မေ"

" ​နောက်​လည်းယူရမယ့်​အတူတူ
မြန်​​မြန်​ယူပြီးသွား​တော့​ကောင်းတာ​ပေါ့သားရယ်​ "

" ​မေ​မေတို့​ကောင်းသလိုသာစီစဉ်​ကြပါ..."

"​တွေ့တယ်​မလား​ဖေကြီး
ကျမ​ပြောပါတယ်​ ..
ကျမတို့သား​လေးက မိဘစကားတစ်​ခွန်းဆိုတစ်​ခွန်းဘဲ "

" ဟုတ်​ပါပြီကွာ ...
ဒါဆို ငါ့သူငယ်​ချင်းကို လက်​ထပ်​ပွဲအတွက်​စီစဉ်​ဖို့
လှမ်း​ပြောလိုက်​​တော့မယ်​ "

" သားစားလို့ပြီးပြီ​မေ​မေ
ယွန်းဂီနဲ့ ခဏသွား​တွေ့လိုက်​ဦးမယ်​"

Baby & DaddyWhere stories live. Discover now