ထယ်​ထယ့်​ကို ဒါမျိုး​တော့လာမလုပ်​နဲ့

3.1K 380 35
                                    

" ယွန်းဂီ "

"​ပြော "

" ငါနဲ့ ယူရမယ့်​​ကောင်​​လေးကို မြင်​ဖူးလား"

" မင်း​တောင်​မမြင်​ဖူးတာ ငါက​ဘယ်​လိုမြင်​ဖူးမှာလဲ "

" အခုသူအခန်းထဲမှာရှိတယ်​ ..
ငါ့ကို တချက်​​လောက်​သွားကြည့်​​ပေးပါလား "

" ဟင်​ ..မင်းနဲ့ယူမှာ​လေ ငါနဲ့ယူမှာမှ မဟုတ်​တာ "

"​အေးငါဒီမှာမအားလို့ သူ့ပုံစံ​လေးသိချင်​လို့
တချက်​​လောက်​သွားကြည့်​​ပေးပါလို့ "

"ဘာလဲ မမြင်​ရ​သေးတဲ့ သတို့သား​​လေးကို ရင်​ခုန်​​နေတာလား"

"ရင်​ခုန်​​နေတာမဟုတ်​ဘူး ..
အ​ခြေအ​နေမ​ကောင်းရင်​ ​စော​စောစီးစီးထွက်​​ပြေးလို့ရ​အောင်​လို့ "

"ဘယ်​လို "

" ​မေ​မေတို့ စိတ်​ချမ်းသာ​စေချင်​လို့သာ လက်​ခံလိုက်​​ပေမဲ့ ကြားရတဲ့ သတင်း​တွေက တခုမှ ​ကောင်းတာမဟုတ်​ဘူး

ဘာတဲ့
ပြန်​မ​ပြော နားမ​ထောင်
အ​ပေအ​တေ ဂျစ်​တူးဆိုလား သူ့နာမည်​​ပြောင်​က
ကျောင်းမှာလည်း ​နောက်​ဆုံးအဆင့်​ကို အမြဲ​မောင်​ပိုင်​စီးထားတာဆိုဘဲ ..

သူ့အိမ်​က ထိန်းလို့မနိုင်​​တော့လို့
ပုံစံကျသွား​အောင်​ဆိုပြီး ငါနဲ့ ​ပေးစားတာတဲ့

မေ​မေတို့စကားကို နား​ထောင်​လိုက်​တာ
မှားပြီလား​တောင်​မသိဘူး

အာ့​ကြောင့်​ ငါ့ကို အ​ခြေအ​နေ​လေးသွားကြည့်​​ပေးပါလို့"

"​အေးပါကွာ ..အ​ခြေအ​နေ​လေးဘဲကြည့်​ရင်​ရပြီမလား
မင်းဟာ​လေးက ​တော်​​တော်​​တော့​ချောတယ်​​ပြောကြတယ်
ငါကြိုက်​သွားရင်​ တာဝန်​မယူဘူး​နော်​ 😉"

🐸🐸

သူငယ်​ချင်းဖြစ်​သူ သတို့သား​လောင်းကိုကြည့်​ပြီး
မင်​ယွန်းဂီတစ်ေ​ယာက်​ စိတ်​​တွေလည်းချမ်းသာပါတယ်

ဘယ့်​နှယ်​ မင်္ဂလာဖြင့်​​ဆောင်​​တော့မယ်
အခုထိ သူယူမယ့်​သူကဘယ်​သူမှန်းမသိ ဘယ်​ဝါမှန်းမသိ

Baby & DaddyWhere stories live. Discover now