I Hate You Daddy

3K 376 17
                                    

"ဘာသတင်းထူးလဲ "

"ကျ​တော်​တို့ ရှိသမျှ ဟိုတယ်​​တွေအကုန်
မြေလှန်ုပြီးရှာခဲ့​ပေမဲ့
ခုထိ အကို​လေးနဲ့တူတဲ့ အရိပ်​​ယောင်​​တောင်​မ​တွေ့ရပါဘူး ဥက္ကဋ္ဌကြီး"

"​တောက်​ ...ကင်​ထယ်​ထယ်
မင်းက ငါ့ကို ပညာစမ်းတယ်​​ပေါ့

ပြေးနိုင်​သမျှ​တော့​ပြေးထား​ပေါ့ကွာ ..
မိတဲ့​နေ့ကျရင်​​တော့လား ..."

"ရှင်​ဟာ​လေ ..
ကိုယ့်​သား​လေး တစ်​​ယောက်​လုံး
ဘယ်​​နေရာမှာ ဘာဖြစ်​​နေမှန်းမသိတဲ့ဟာကို
စိတ်​မပူတဲ့အပြင်​ ကြိမ်းဝါး​နိုင်ေ​သးတယ်
ရှင်​က သား​လေးရဲ့ အ​ဖေ​ရောဟုတ်​ရဲ့လား"

"ဟ အဲ့ဒါမင်းကပိုသိမှာ​ပေါ့ "

"ရှင်​ဘာကို​ပြောချင်​တာလဲ "

"ကိုယ့်​သားဟုတ်​လား မဟုတ်​လားက
မင်းအသိဆုံး​နေမှာ​ပေါ့"

"အို ကျမက စကားအဖြစ်​​ပြောတာ​လေ
ဘာလို့ အထအန လိုက်​​ကောက်​​နေတာလဲ

ပြီး​တော့ ရှင့်​သားမို့လို့ အဲ့​လောက်​ထိရှင်​နဲ့တူ​နေတာ​လေ

ရှင်​သာ ငယ်​ငယ်​တုန်းက ဂျစ်​ကန်​ကန်​မ​နေခဲ့ရင်
ကျမသား​လေးလည်း ရှင့်​အကျင့်​​တွေပါလာစရာအ​ကြောင်းမရှိဘူး​လေ

ဒီအ​ဖေက​မွေးလို့ ဒီသားထွက်​လာတာ ဘာဆန်းလို့လဲ "

"မင်းအရင်​ကအ​ကြောင်း​တွေပြန်​ဆွဲမထည့်​နဲ့​နော်
ပြီး​တော့ ငါဆိုးတယ်​ဆိုတာ လက်​ထပ်​ပွဲက​နေ ထွက်​​ပြေးတဲ့အထိ​တော့ မဟုတ်​ဘူးကွ"

"အို ..ဒါက​တော့
ကိုယ့်​ဘက်​က ​ဆန္ဒရှိလို့ လုပ်​တဲ့လက်​ထပ်​ပွဲနဲ့
အတင်း​ပေးစားလို့ယူရတဲ့ပွဲနဲ့​တော့ တူမလား"

"ငါက​စေတနာနဲ့ မင်းသားကို အကျင့်​​တွေပြင်​​စေချင်​လို့ပါ "

"အခု​တော့ အကျင့်​​တွေမပြင်​တဲ့အပြင်
ကိုယ်​ပါ​ပျောက်​​နေပြီမလား
ဘယ်​​ရောက်​လို့ ဘယ်​​ပေါက်​​နေမှန်းမသိ
လူဆိုး​တွေလက်​ထဲများ​ရောက်​​နေမလား
ရောင်းပဲ​ရောင်းစားခံလိုက်​ရလား
သူများ​တွေနှိပ်​စက်​တာများ ခံ​နေရလား
ကျမသား​လေး​တော့ ကိုယ်​ကျိုးနည်း​နေပြီထင်​ပါရဲ့ 😭😭"

Baby & DaddyWhere stories live. Discover now