Part-3

8K 320 2
                                    

ညကအကြောင်းကိုပြန်တွေးကာBaekhyunဒေါသထွက်နေသည်

တစ်နေကုန်ဘယ်မှမသွားရဘူးတဲ့ ဟုတ်ပါတယ် ဘယ်ကျွန်ကမှ
ရှိုးစမိုးနဲ့ လမ်းသလားနေတာရှိလို့လဲ ကျွန်ဆိုလဲ
ကျွန်အလုပ်လုပ်ရတယ်လေ ဘာလို့ကျနော့်first kissကိုမှ
ယူရတာလဲ ဘာတဲ့ ညတိုင်းနမ်းမယ်တဲ့Hak

ကျ​နော်​ဒီလိုလုပ်​​နေတယ်​ဆိုတာလဲAppaရဲ့comကိုပြန်​ရဖို့
အတွက်​ပါပဲ

ကျနော်အိပ်ရာမြန်မြန်ထရမယ် သူနိုးလို့မှမနိုင်းသေးရင်
ဘာပြသနာရှာအုံးမလဲမသိဘူး ကျ​နော်​​ရေချိုးခန်းထဲဝင်​သွားတယ်
စိတ်​ကြည်​​အောင်​​ရေချိုးလိုက်​တယ်​ မနေ့ကအိမ်အလုပ်လုပ်နေတာ
တစ်ကိုယ်လုံး ညောင်းကိုက်နေပြီ အကိုက်​ခဲ​ပျောက်​​ဆေးဝယ်​ရန်
အောက်​ထပ်​ကိုဆင်းသွားသည်

ဧည့်​ခန်းထဲမှာသူက​တော့ သတင်းစာကိုစိတ်​ပါဝင်​စားစွာ
ဖတ်​​နေတယ်​ ​'​အေး​လေ သူက​ဘာမှလုပ်ရတာမှမဟုတ်တာ'
ကျ​နော်​သက်​ပျင်းချကာ​ဆေးဝယ်​ရန်​အပြင်​ထွက်​ရန်​သူ့အ​ရှေ့က
ဖြတ်​​လျှောက်သွားသည်

"ဘယ်​သွားမလို့လဲ"

"ဟို.....ဟို.....​ဆေးသွားဝယ်​မလို့ပါ"

"မင်းဒီအိမ်​ထဲက​နေကိုယ့်​ခွင့်​ပြုချက်​မရပဲနဲ့ ​ခြေတစ်​လှမ်း​တောင်
ွှထွက်​ခွင့်​မရှိဘူးဆိုတာမေ့နေတာလား"

"ကျ​နော်​အခု​ဆေးဝယ်​ထွက်​မလို့ ကျ​နော့်​ကိုသွားခွင့်​ပြုပါ"

Baekhyunရွဲတဲ့တဲ့​ပြောလိုက်​တယ်

"မင်းကဘာဖြစ်နေလို့ဆေးသွားဝယ်မှာလဲ
မဟုတ်မှ ညကကိုယ့်အနမ်းကြောင့် နှလုံးရောဂါရသွားတာလား"

Chanyeolစကား​ကြောင့်​ညကသူ့ကိုနမ်းထားတာကို
သတိရကာ Baekhyunမျက်​နှာရဲတတ်​သွားတယ်
Chanyeolက​တော့ရှက်​​သွေးဖြာ​နေတဲ့
Baekhyunကိုကြည့်​ကာ

"ဘာလဲ မင်းရှက်​​နေတာလား"

"မ.....မဟုတ်​ပါဘူး.....ဘယ်​သူကရှက်​တယ်​လို့​ပြောမိလို့လဲ"

"ကိုယ့်​နားလာခဲ့"

Chanyeol Baekhyunကိုလက်​လှမ်းကာ သူ့​ဘေးက
နေရာလွှတ်​ကို ပုတ်​ပြလိုက်​တယ်​Baekhyunလဲ​ဖြေး​ဖြေးချင်း
လျှောက်​သွားလိုက်​တယ်​ Baekhyun Chanyeolနား
ရောက်​​တော့Chanyeol Baekhyunလက်​​လေးကိုဆွဲပြီး
သူ့​ပေါင်​​ပေါ်ကိုထိုင်​ခိုင်းလိုက်​တယ်​ ရှက်​​သွေးဖြာ​နေတဲ့
ကောင်​​လေးရဲ့ခါးနားတစ်ဝိုက်ကို အနောက်ကနေသိုင်းဖက်ထားလိုက်တယ်

You Are My .......Where stories live. Discover now