Part-7

6.1K 270 21
                                    

ည၁နာရီဆိုတဲ့အချိန်က လူတွေအိပ်မောကျနေတဲ့အချိန်ဖြစ်ပေမဲ့ Baekhyunမှာတော့ အိပ်ချင်ပေမဲ့လဲမအိပ်နိုင် သူရဲ့သခင်ဆိုးလေးဖုန်းဆက်လာမှာကိုထိုင်စောင့်နေရတယ်

"ဟာန် နာမ် ဒုံ UN VILLAGE hill......."

ရုတ်တရက်ကြီးဖုန်းဆက်လာတာကြောင့်Baekhyu အလျင်အမြန်သာကိုင်လိုက်တယ် မဟုတ်ရင် သူ့ဖုန်းကိုချက်ချင်းမကိုင်လို့လူကိုရစ်ပြန်အုံးမယ်

"ငါ့ကိုလာခေါ်....."

ဒီကhelloတောင်မပြောရသေးဘူး သူပြောချင်တာပြောပြီဖုန်းချသွားတယ်Baekhyunကားသော့ယူကာ ကားမောင်းပြီးChanyeolရှိတဲ့clubထဲသို့ဝင်သွားသည်

"မင်း​ရောက်​လာပြီလား....."

အသံလားရာကိုကြည့်လိုက်တော့ ကောင်မလေးနှစ်ယောက်ကြားမှာ လူမတူအောင်မူးနေတဲ့ParkChanyeol

"မင်းဘာကြည့်နေတာလဲ ငါအိမ်ပြန်တော့မယ် လာတွဲစမ်း"

Baekhyun Chanyeolကိုသွားတွဲသည် Chanyeolလက်ကBaekhyunပုခုံးပေါ်တင်ထားတာကြောင့် Baekhyunကတော့ သူ့ခန္ဓာကိုယ်အလေးကြီးကိုမနိုင်နင်းနှင့်သယ်နေရတယ်

တစ်လမ်းလုံး အသံတိတ်နေခဲ့တဲ့Chanyeolက

"ကားကိုလမ်းဘေးရပ်ပြီး မင်းအနောက်ဆင်းခဲ့"

အနောက်ဆင်းခဲ့? ဘာသဘောလဲ?

Baekhyunမဆင်းချင်ပါ သူမူးမူးရူးရူးနဲ့ ဘာများလုပ်ဖို့ကြံနေတာလဲ

"ငါစကားကိုနှစ်ခါမပြောချင်ဘူး Baekhyun"

လေသံကအနည်းငယ်မာကျောလာပြီ

သူမူးနေတဲ့ခါ သူ့စကားနားထောင်တာပဲကောင်းမယိ မူးမူးရူးရူးနဲ့ဒေါသထွက်ရင် ဘာတွေလုပ်လာမလဲမစဉ်းစားရဲဘူး

Baekhyun Chanyeolရှိတဲ့ကားနောက်ဘက်ဆင်းသွားတယ်

Baekhyunကားနောက်ခန်းဝင်တာနဲ့ Chanyeolရဲ့ဆောင့်ဆွဲချမှုကြောင့် လူတစ်ကိုယ်လုံးChanyeolရင်ခွင်ထဲရောက်သွားသည်

"Byunbaekhyunမင်ကလေ ရုပ်နဲ့လိုက်အောင်
အရှက်လဲမရှိဘူး မိန်းမတစ်ယောက်ကိုအချိန်အကြာကြီး
ချစ်နေနိုင်တယ်နော်Hak"

Chanyeolဘာကိုဆိုလိုနေမှန်းသူမသိ
Baekkie....သူBaekkieအကြောင်းသိနေတာလား

You Are My .......Where stories live. Discover now