Untitled Part 9

1.7K 219 5
                                    


ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ

Book 6 ဒုတိယတွဲ (ပိုးအိမ်ကို ခွဲထွက်၍ လိပ်ပြာ ဖြစ်လာခြင်း)

Chapter 28 ( နတ်ဘုရားသိုင်းကျင့်စဉ် ခန်းမထဲမှ နတ်ဘုရားသိုင်းကျမ်းကြီး ၇ ခု)

"အဲ"

ရေနဂါးကြီးဦးခေါင်းထဲမှာ ရှိနေတဲ့ သူတော်စင်ရှု မျက်မှောင်ကြုတ်လိုက်ပါတယ်။ ပိတ်ဆို့ ၀င်္ဂဘာက သူ့ထိန်းချုပ်မှု အောက်မှာ ရှိနေလို့ သူ အကုန်လုံးကို ခံစားမိနေပါတယ်။

"တစ်ယောက်ယောက်က ငါ့ရဲ့ ၀င်္ဂဘာကို အတွင်းကနေ တိုက်ခိုက်နေတာပဲ။ ဂျိကလန်က တစ်ယောက်ယောက်က ထွက်ပြေးဖို့ ကြိုးစားနေတာ ဖြစ်မယ်။ သူတို့အတွက် ကံဆိုးတာကတော့ ငရဲနဂါးကောင်းကင်သော့ ၀င်္ဂဘာရဲ့ အကူအညီ မရှိဘူးဆိုရင် အစွမ်းအထက်ဆုံး ဂျိနင်တောင်မှ ငါ့ဝင်္ဂဘာကို ဖျက်ဆီးထွက်ပြေးနိုင်မှာ မဟုတ်ဘူး။"


"သူတို့တွေအားလုံး သေမင်းကို စောင့်နေဖို့ပဲ ရှိတယ်။"

သူတော်စင် ရှု မျက်ဝန်းမှာ လူသတ်ငွေ့တွေ ဖြာထွက်လာခဲ့ပါတယ်။

ပြောရရင် သူ့ရဲ့ မြေကမ္ဘာအဆင့် မှော်ရတနာနှစ်ခုနဲ့ နတ်ဘုရား သွေးနက် အပ်ပျံကို သုံးပြီးတော့ နင်ကို ဒဏ်ရာရသွားစေပေမဲ့လည်း တစ်ကယ်တော့ နင်ဘယ်နားမှာ ရှိနေလည်းဆိုတာကို သူတကယ်မသိပါဘူး။ ခုနက တိုက်ပွဲမှာ တုန်းက ကြောက်သွားအောင် တမင် ခြောက်ပြောလိုက်တာပါ။ ဂျိကလန်က တခြာလူတွေ လာတိုက်ခိုက်လို့ ရှိရင် သူ ဂရုကို မစိုက်ပါဘူး။ ဒါပေမဲ့ ဂျိနင်က ချုံခို တိုက်ခိုက်မယ်ဆိုရင်တော့ သူ့အတွက် တော်တော်ဖိအားများပါတယ်။ ဂျိကလန်က နင်ကို အလေးထားမှန်းသိလို့ သူ တမင်တကာ အကျယ်ကြီး အော်ပြောပြီး ခြိမ်းခြောက်လိုက်တာပါ။

သူ ပြောလိုက်တဲ့ စကားက ထိရောက်ပါတယ်။ ဂျိကလန်က ခေါင်းဆောင်တွေက နင်ကို ဘာပဲ ဖြစ်ဖြစ်ထပ်ပြီး တိုက်ခိုက်ခွင့် မပြုတော့ပါဘူး။

...

Serpentwing ရေကန်ထဲက အေးစက်နေတဲ့ ရေအောက်ထဲကနေ နင် ရုတ်တရက် ပေါ်ထွက်လာခဲ့ပါတယ်။

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ် ၆ ဒုတိယတွဲ - စာစဉ် ၈ အထိ)Where stories live. Discover now