Untitled Part 13

1.7K 214 0
                                    


ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ

Book 6 ဒုတိယတွဲ (ပိုးအိမ်ကို ခွဲထွက်၍ လိပ်ပြာ ဖြစ်လာခြင်း)

Chapter 32 ( နတ်ဘုရား သိုင်းကျင့်စဉ်ကို ရလာခြင်း )

မြူခိုးတွေက ပတ်ဝန်းကျင်မှာ ရှိနေပါတယ်။ နင်နဲ့ ၀က်ဝံ၀ါကြီးတို့ ရောက်လာတော့ အချိန်စကြာဝဠာက တဖြည်းဖြည်း ပြန်လည် ငြိမ်သက်သွားခဲ့ပါတယ်။

"ဒါက..."

တော်တော်ဝေးဝေး တစ်နေရာမှာ ရွှေရောင်တွေ တောက်ပနေတဲ့ အဆောက်အဦးကြီး တစ်ခု ရှိနေပါတယ်။ ပူဇော်ခံ စင်မြင့်တစ်ခုနဲ့တောင်မှ သဏ္ဍာန်တူပါတယ်။ ဒီစင်မြင့်ကို တက်သွားတဲ့ လှေခါးထစ်ကြီးတွေကို အဝေးကနေတောင်မှ မြင်နိုင်နေပါတယ်။


"မင်းဘာလို့ ဒီမှာ အူကြောင်ကြောင်နဲ့ ရပ်နေရတာလည်း။"

ဝက်ဝံကြီးက နင်ကို ကိုင်ပြီးတော့ ဆွဲခေါ်သွားပါတော့တယ်။ ၀က်ဝံ၀ါကြီး ခြေတစ်လှမ်းလှမ်းလိုက်တိုင်းမှာ ကီလိုမီတာ အများကြီးကို ရောက်ရောက်သွားပါတယ်။ တဖြည်းဖြည်းနဲ့ အဆောက်အဦးကြီးကို ထင်ထင်ရှားရှားမြင်လာရသလို ရွှေရောင်တွေကလည်း ပိုပိုပြီးတော့ တောက်ပလာခဲ့ပါတယ်။ ဒီ အဆောက်အဦးက ထွက်ပေါ်လာခဲ့ ကြီးကျယ်ခမ်းနားတဲ့ အော်ရာက နင်ကို တုန်လှုပ်သွားစေခဲ့ပါတယ်။

သိပ်မကြာခင်မှာပဲ အောက်ဆုံးလှေခါးထစ်နေရာကို နင်ရောက်လာခဲ့ပါတယ်။ သူ ခေါင်းမော့ကြည့်လိုက်မိပါတယ်။ ထိပ်ဆုံးကို ရောက်ဖို့အတွက်ကို လှေခါးထစ်ပေါင်းက ထောင်နဲ့ချီပြီးတော့ ရှိနေပါတယ်။


"သွား.. လှေခါးဆုံးအောင်တက်သွားပြီးတော့ ဆရာ့ရဲ့ နတ်ဘုရားသိုင်းကို လက်ခံယူလိုက်။"

ဝက်ဝံ၀ါကြီးက နင်ကို ကြည့်ပြီးတော့ ပြောလိုက်ပါတယ်။


"ဟုတ်ကဲ့.."

နင် ခေါင်းညိတ်လိုက်ပါတယ်။ သူအရမ်းကို ကံကောင်းခဲ့တယ်လေ။ ပန်ဂုက စကြာဝဋ္ဌာကို တည်ဆောက်ခဲ့တဲ့အချိန်ကစလို့ တည်ရှိခဲ့တဲ့ လောကသုံးပါးရဲ့ အင်အားကြီး တစ်ခုက ချန်ထားရစ်ခဲ့တဲ့ နတ်ဘုရားသိုင်းကို သူရတော့မယ်။ ဒါကို သင်ပြီးသွားတာနဲ့ သူတော်စင် ရှုလီကို သတ်လို့ရပြီ။ သူ့အဖေနဲ့ မိသားစုဝင်တွေကို ကယ်တင်လို့ ရပြီလေ။

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ် ၆ ဒုတိယတွဲ - စာစဉ် ၈ အထိ)Where stories live. Discover now