Untitled Part 22

1.8K 226 6
                                    


ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ

Book 7 စတေးဝါးတား မြို့တော်

Chapter 3 ( နော့မွန့်ပိုင်ဝေနှင့် ထပ်တွေ့ဆုံခြင်း )

"ကျွန်တော်ကြားတာကတော့ စတေးဝါးတား မြို့တော်ပေါ်မှာ ပျံသန်းခွင့်ကို တားမြစ်ထားတယ်တဲ့။ လေထဲကနေ ပျံသန်းသွားရဲသူတွေလည်း ဒုက္ခရောက်ကြတယ် ကြားတယ်။"

သူတို့တွေ မြေပေါ်ကို ဆင်းသက်လာတော့ မန်ဂျန်က ပြောလိုက်ပါတယ်။

နင်က စတေးဝါးတား မြို့တော်ကြီးကို ငေးကြည့်နေမိပါတယ်။ ဒါက ဖင်းဂေါ့ ခေတ်ကတည်းက တည်ရှိနေခဲ့တဲ့ ပြောပြ မရအောင်ကို ခန်းနားထည်ဝါလွန်းလှတဲ့ ရှေးမြို့တော်ကြီး တစ်ခုပေါ့။ အခုတော့ မြို့တော်ကြီးနဲ့ကီလိုမီတာ တော်တော်လှမ်းလှမ်းမှာပဲ ရှိနေပေမဲ့ မြို့တော်ကြီးရဲ့ မြေပြင်မှာအဆုံးမဲ့တဲ့ စွမ်းအင်တွေ အများကြီး ရှိနေတာကို ခံစားမိနေပါတယ်။ တချိန်တည်းမှာ ကြောက်ရွံ့စရာ တည်ရှိမှုက မြို့တော်ကြီးကနေ ဖြာထွက်နေပါတယ်။


"စတေးဝါးတား မြို့တော်က ၀င်္ဂဘာ အကြီးကြီး တစ်ခုလိုပဲ။ ဒီဝင်္ဂဘာတွေထဲမှာ အင်မော်တယ်အဆင့် ၀င်္ဂဘာတွေတောင် ပါဝင်ဦးမယ်လို့ ငါထင်တယ်။"
နင် သူ့ပြုံးပြီးတော့ တွေးမိလိုက်ပါတယ်။ မန်ကလန်က သုံးယောက်ကတော့ စတေးဝါးတားမြို့တော် အရှေ့ဘက် ဂိတ်ပေါက်ဝကို မြန်မြန် လျှောက်သွားကြပါပြီ။ အရှေ့ဘက် ဂိတ်ကြီးက ကီလိုမီတာ သုံးရာမြင့်ပြီးတော့ ကီလိုမီတာ သုံရာ ကျယ်ဝန်းပါတယ်။ ဒါကိုကြည့်တာနဲ့ စတေးဝါးတား မြို့ရိုးကြီးက ဘယ်လောက်တောင်မှ ကြီးမားမလည်းဆိုတာကို တွေးကြည့်နိုင်ပါတယ်။

"မင်းတို့လာတဲ့ ခရီးသည်အဖွဲ့က လူ ၃၂၁ ယောက်ပါတယ်။ မိုးကြိုးရွှေ ကီလိုမီတာ သုံးရာ မြို့ဝင်ကြေး ပေးဆောင်ပါ။"
နင်ရဲ့ အရှေ့မှာတော့ အံ့မခန်း ရှည်လျားတဲ့ ကုန်သည်အဖွဲ့ကြီး ရှိနေပါတယ်။ အဖွဲ့ဝင်အားလုံးက ဇင်တျန် အဆင့်မှာ ရှိနေပါတယ်။ ခရီးသွား ကုန်သည်အဖွဲ့က မိုးကြိုးရွှေစ သုံးရာကို ပေးလိုက်ပြီးတော့ အနက်ရောင် စာအုပ် သုံးရာလောက်ကို လက်ခံယူလိုက်ပါတယ်။

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ် ၆ ဒုတိယတွဲ - စာစဉ် ၈ အထိ)Where stories live. Discover now