Uni...
" ကျောင်းသားအားလုံးပဲ ခဏလောက် ဒီနေ့ ဆရာမတို့အခန်းကို ကျောင်းသားအသစ်ထပ်ရောက်လာတယ်နော်၊ အခုလို နှစ်ဝက်လောက်မှ ရောက်လာတယ်ဆိုတာကလည်း သူ့အဖေက ခွဲစိတ်ဆရာဖြစ်လို့ တာဝန်ကျရာပြောင်းရင်းပါလာတာတဲ့..အားလုံးပဲ သူငယ်ချင်းအသစ်ကို ကြိုဆိုပေးလိုက်အုန်း"
ဆရာမရဲ့စကားမဆုံးသေးတာကြောင့် သုတဇော် တစ်ယောက်အခန်းအပြင်မှာပဲ အမေနဲ့အတူရပ်နေမိသည်။ တက္ကသိုလ် ရောက်နေတာတောင်မှ အမေဖြစ်သူက အတန်းလိုက်အပ်ပေးသည်ကို တစ်ခြားသူများသိရင် ရယ်ချင်ရယ်နိုင်ပေမယ့်လည်း ငယ်ငယ်လေးထဲက အမေရဲ့လက်အောက်မှာ နေနေရတဲ့ သုတဇော်တစ်ယောက်ကတော့ အသားကျနေပြီ။
အဖေနဲ့ယူပြီးထဲက ဆရာမအလုပ်ကနေထွက်လိုက်တဲ့ အမေက တစ်မိသားစုအလုံးအပေါ်လည်း သြဇာညောင်းသည်။ သုတဇော်ဆိုတာကလည်း အမေရဲ့အမိန့်တစ်ခုထဲပင်၊ အခုလည်း ကိုယ့်ဘာကိုယ်သွားမယ်ဆိုပါသော်လည်း လိုက်ပို့ပေးမယ်ဆိုတာကြောင့် ထုံးစံအတိုင်းမလွန်ဆန်နိုင်ခဲ့။
" သား ဝင်လာလို့ရတယ်နော်"
" ဟုတ်ကဲ့ပါ ဆရာမ"
" ဟေး..မိုက်လိုက်တာ"
" ဟီး ချစ်စရာလေးဟယ်..ကြွေပါပြီ"
အတန်းထဲဝင်လိုက်တာနဲ့ တီးတိုးသံတွေကထွက်ပေါ်လာတော့ အမေက ပခုံးကိုကိုင်ကာ ဆရာမရှေ့တိုးပေးရင်း..
" ဆရာမ သားလေးကို ဂရုစိုက်ပေးပါ၊ သားလေးက အနေအေးတော့လေ တစ်ခုခုဆိုစိတ်မချလို့ပါ ဒါကြောင့် တစ်ချက်တော့ ကြည့်ပေးပါဦး"
" ဟမ်..အာ ဟုတ်ကဲ့ပါ အစ်မ စိတ်ချပါနော်"
အမေရဲ့စကားကို ဆရာမတောင် ကြောင်တောင်တောင်ဖြစ်သွားတယ်ထင်ပါတယ်၊ တုန့်ပြန်မှုက မကောင်း။ အတန်းထဲက လူတွေလည်းမထင်ထားဘူးထင်ပါတယ် ရယ်သံလေးတွေတောင်ထွက်ပေါ်လာသည်။
" သား ဒါဆို မေမေ သွားမယ် စိတ်ချမယ်နော်"
" ဟုတ်"
ခေါင်းလေးကိုပုတ်ရင်းနှုတ်ဆက်ကာပြန်သွားတဲ့အမေကြောင့် အတန်းထဲမှာ နောက်တစ်ခါ ရယ်သံတွေထွက်ပေါ်လာတာကို လျစ်လျူရှုရင်း ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်လိုက်ရသည်။
YOU ARE READING
ချစ်မိတဲ့..နောက် ( Complete )
Non-Fictionကိုယ့်ရဲ့ကြိုးစားမှုလေးတွေချပြတဲ့အခါ ခင်ဗျားလေးတို့ဘက်ကလည်း နွေးထွေးမှုလေးတွေပေးပါ။ #သျှင်လွန်းငယ်