Uni..
***-----****8
" အဲ့တော့ သားက သုတရဲ့ကျောက်ကပ်နဲ့ ကိုက်ညီတယ်လို့ပြောချင်တာလား"
" ဟုတ်တယ် ဖေဖေ"
" ငါ မင်းကိုကျေးဇူးတင်ပါတယ် ကိုအောင်ရာ ငါ့သားကိုအခုလိုစောင့်ရှောက်ပေးတာရော ငါ့သားရဲ့အသက်ကို ကယ်တင်ပေးတာကော"
" ဒါက ငါ့ကို ကျေးဇူးတင်ရမှာမဟုတ်ဘူး ငါ့သားကို တင်ရမှာ ငါတောင် ပြောမရလို့လွှတ်ထားတာ"
" ဖေဖေကလည်း"
" အေးကွာ အဖြစ်အပျက်တွေက အန်ကယ်လည်းသိပြီးသားဆိုတော့ ထွေထွေထူးထူးတော့ မပြောလိုတော့ပါဘူး အန်ကယ့်ရဲ့သားကို မင်းထံအပ်တယ်လို့ပဲသဘောထားလိုက်တော့ကွာ၊ နောက်ပြီး မင်းတို့နှစ်ယောက်ရဲ့ပတ်သက်မှုကို အန်ကယ်လည်း သဘောတူပါတယ်"
" ကဲ ဒီတော့ကွာ ကိုအောင် မင်းဘာမှမပူနဲ့ ဒီခွဲစိတ်စရိတ်တွေရယ် တစ်ကယ်လို့ မင်းတို့ ကျန်းမာပြီးနောက် ပွဲတွေဘာတွေလုပ်ချင်လည်း ငါပဲစရိတ်ခံမယ်ကွာ ဟုတ်လား"
" လိုပါသေးတယ်ကွာ လောလောဆယ် မင်းရဲ့သား အရင်ကျန်းမာလာအောင်ပဲ ဂရုစိုက်ဦး"
" ဘာလဲ မင်းက ငါတို့ အမျိုးတော်ရမှာကို ငြိုငြင်နေတာလား"
" ငါသာ ငြိုငြင်ရင် ဒီလိုအခြေအနေတောင်ရောက်မှာမဟုတ်ဘူး"
" ဟားဟား အေးပါကွာ"
//**//
" မိန်းမ"
" ဘာလဲ သူက အခုထိ လက်မလျှော့သေးဘူးလား"
" ကိုယ်ထင်တာတော့ မင်းဘက်က လျှော့ပေးရမယ်ထင်တယ်ကွာ.သူ တစ်ကယ်ချစ်တက်သွားပြီထင်ပါတယ်"
" ဘာ ချစ်တက်သွားတယ် ဟုတ်လား၊ ငယ်ငယ်လေးထဲက အနေအေးအောင် သင်ပေးခဲ့တယ် ရန်ဖြစ်ဖို့ဆိုတာဝေလာဝေး နောက်ပြီး အနာတရ ဖြစ်မှာကို တောင်စိုးတဲ့သူက အခုတော့ သူ့ကိုယ်မှာဒဏ်ရာရမှာကို လက်ခံတယ်လား ကျွန်မ ကျွန်မ ပိုးလိုဥထားရတဲ့သားကို ကျွန်မ ဘယ်လိုစိတ်နဲ့သဘောတူပေးရမှာလဲ ကိုအောင်ရယ်"
" အေး ဒီတစ်ခါ သဘောမတူရင် ဘယ်သူမှရှာမတွေ့တဲ့ အဝေးတစ်နေရာကိုထွက်သွားတော့မယ်တဲ့"
VOCÊ ESTÁ LENDO
ချစ်မိတဲ့..နောက် ( Complete )
Não Ficçãoကိုယ့်ရဲ့ကြိုးစားမှုလေးတွေချပြတဲ့အခါ ခင်ဗျားလေးတို့ဘက်ကလည်း နွေးထွေးမှုလေးတွေပေးပါ။ #သျှင်လွန်းငယ်