Uni..
2 Year Later...
" ကဲ ဟိုးအပေါ်က သူတော်ကောင်းနှစ်ယောက် အောက်မဆင်းလာသေးဘူးလား"
" ဗျာ လာပြီ မေမေရေ"
" လာပါပြီဗျ"
" လာပြီဆို အသံတွေနောက်ထား လူအရင်ကြွ"
" ဟီး မောနင်း မေမေ"
" ရော့ မနက်စာ စားလို့ရပါပြီ"
" မေမေရယ် ဒီတစ်ခါလည်း ဒါပဲလားဟင် ကျွန်တော် မစား.."
" ဘာာာ ဘယ်လို"
" အာ မဟုတ်ဘူး အမေ ကလေးက အမေ့ကို စနေတာနော် ဟုတ်တယ်လားမှတ်လား ကလေး နော် နော်"
အတူတူထိုင်နေရင်း တံတောင်နဲ့ပွတ်ကာ မျက်နှာရိပ်မျက်နှာကဲပြနေသော သမက်ဖြစ်သူကို ဘာမှမပြောနိုင် မျက်စောင်းသာနိုင်နိုင်ထိုးလိုက်ရသည်။
" ဟီး ဟုတ် ဟုတ်တယ် မေမေရ သားက စနေတာ ဟီး ဒါတွေလား သားကြိုက်တာပေါ့ မေမေရဲ့"
" ကျန်တာမပြောဘူး နှစ်ယောက်သားအချိုးတွေပြင်နော်၊ ငါ့စိတ်ကိုသိတယ်မှတ်လား၊ ဒါက ငါ့အတွက်ကျွေးနေတာမဟုတ်ဘူး မင်းတို့အတွက်ကျွေးနေတာ နှစ်ယောက်လုံးသတိထားနေ.ဟင်း ကြည့်မရတာကြာပြီ"
" မိန်းမကလည်းကွာ မင်း ဒီစကားပြောလာတာ နှစ်နှစ်တောင်ရှိနေပြီ မရိုးလွန်းဘူးလား"
" ကိုအောင် ရှင် ဘယ်လိုဖြစ်နေတာလဲ ကလေးတွေရှေ့မှာ ကျွန်မကို အရှက်ကွဲနေတာလား ဟမ်း"
" အား နာတယ် နာတယ် မိန်းမရဲ့ လွှတ် လွှတ်"
ကိုယ်တွေဘက်ပါသော အဖေ နောက်ဆုံးတော့ အမေ့ရဲ့ဗိုက်ခေါက်လိမ်ဆွဲခြင်းကိုလံလိုက်ရသည်။
" ဟား ဟား"
" ဟီးဟီး"
" တိတ်စမ်း နှစ်ယောက်လုံး"
" ကဲပါ ကလေးတွေကိုမဲမနေနဲ့တော့ မင်းလည်း သားနှစ်ယောက်ကိုပဲ ဂရုစိုက်နေတယ် မင်းယောက်ျားငါ့ကိုလည်း ဂရုစိုက်ပါဦးကွ သူတို့လည်း ကျန်းမာရေးကောင်နေပါပြီကွာ"
" ရှင်မသိပါဘူး၊ ဒီနှစ်ယောက်က ကျွန်မ ဒီလောက်ထိလိုက်လုပ်ပေးနေလို့ပေါ့ သူတို့ဘာသာလွှတ်ထားကြည့်ပါလား ဟွန်း"
VOCÊ ESTÁ LENDO
ချစ်မိတဲ့..နောက် ( Complete )
Não Ficçãoကိုယ့်ရဲ့ကြိုးစားမှုလေးတွေချပြတဲ့အခါ ခင်ဗျားလေးတို့ဘက်ကလည်း နွေးထွေးမှုလေးတွေပေးပါ။ #သျှင်လွန်းငယ်