Uni..
ကိုယ်နဲ့မရင်းနှီးတဲ့စကားစုလေးကို ပထမဦးဆုံးအကြိမ် ရှာဖွေမိခြင်း။ LGBT ဆိုတဲ့စကားစုလေးနောက်ကွယ် အကြောင်းအရာတွေက များစွာထွက်ပေါ်လာခဲ့သည်။
ငယ်စဉ်ထဲက ရင်းနှီးကျွမ်းဝင်တဲ့ချစ်ခြင်းပုံစံနဲ့မတူကွဲပြားစွာ လူသားအချို့ရဲ့မတူညီတဲ့ချစ်ခြင်းတစ်ခု။ ရုပ်ရှင်ကားတစ်ချို့မှာမြင်ရတဲ့ အခြောက်ပုံစံတွေနဲ့သာ ရင်းနှီးခဲ့တာ၊ အခုလိုမျိုး ယောကျာ်းလေးပုံစံသူက တစ်ခြားယောကျာ်းလေးတစ်ယောက်ကိုလည်း ချစ်နိုင်သည်တဲ့လား၊ သူတို့တင်မဟုတ် မိန်းကလေးတွေကောပဲတဲ့။
ဒေါက် ဒေါက်
" သားရေ ဘာလုပ်နေလဲ အောက်မှာ သဇင်ရောက်နေပြီနော်"
" ဗျာ အာ ဟုတ် မေမေ သားလာခဲ့ပါမယ်"
" မြန်မြန်လုပ်နော် မိန်းကလေးကို စောင့်စေရတာ မကောင်းဘူး"
*
*
" ဆောရီး သမီးရယ် သားက ခုနမှ ကျောင်းကပြန်ရောက်တော့လေ အဲ့ဒါကြောင့်ပါ"
" ရပါတယ် အန်တီရယ်.ဒါနဲ့ အန်တီ့အတွက် လက်ဆောင်ပါ"
" အို ဒါတွေမလိုပါဘူးကွယ်.ဒီတစ်ခေါက် အလည်သွားတာ ဘယ်လိုလဲ ပျော်ခဲ့ရဲ့လား"
" ဟုတ်ပျော်ပါတယ် အန်တီ ဒါလေးက သမီးရဲ့ လက်ဆောင်မို့ လက်ခံပေးပါနော်"
" ဟုတ်ပါပြီ.ကျေးဇူးတင်တယ်နော်"
" ဟုတ်ကဲ့"
" မတွေ့တာကြာလို့လားပဲ သမီးက ချောလာလိုက်တာ"
" ဟီး ကျေးဇူးပါ"
" ဒါနဲ့ သမီး မိဘတွေကော နေကောင်းလား"
" ဟုတ် ကောင်းပါတယ် အန်တီ"
" အန်တီက သတင်းမေးတယ်လို့ ပြောလိုက်ဦးနော်"
" ဟုတ်ကဲ့ပါ အန်တီ"
" မေမေ ကျွန်တော် ပြီးပြီ"
" အေးအေး.ကဲ သမီးတို့သွားကျနော်"
" ဟုတ်ကဲ့.ဒါဆို သမီးကို ခွင့်ပြုပါဦး"
" ကောင်းပါပြီကွယ်.သား သမီးကို ဂရုစိုက်နော်"
ESTÁS LEYENDO
ချစ်မိတဲ့..နောက် ( Complete )
No Ficciónကိုယ့်ရဲ့ကြိုးစားမှုလေးတွေချပြတဲ့အခါ ခင်ဗျားလေးတို့ဘက်ကလည်း နွေးထွေးမှုလေးတွေပေးပါ။ #သျှင်လွန်းငယ်