The illusion? ZG+UNI

2K 213 6
                                    

Unicode

Jungkook နဲ့စကားပြောပြီးပြီးချင်း
ကျွန်တော်ချက်ချင်း Yoongi Hyung ဆီသို့ဖုန်းဆက်လိုက်သည်..

" တွေ့မယ် ကျွန်တော် Hyung နဲ့ "

" Jimin-ah မနက်ဖြန်မှဆုံးဖြတ်ပါဆို "

" ဟင့်အင်းမလိုတော့ဘူး အခုပဲပြောမယ် တွေ့မယ် "

" Jimin-ah .. "

" မသိဘူး တွေ့မှာဘဲလို့ပြောပြီးပြီနော် Hyung ..
ကျွန်တော်မူးနေပါတယ်ဆိုပြီး မတွေ့ချင်ရတဲ့အကြောင်းအရင်းကိုဖုံးဖိမနေပါနဲ့ ... ကျွန်တော်သောက်ထားတာကိုဆွဲမထည့်နဲ့ .. မတွေ့ချင်ရင်မတွေ့ချင်ဘူးလို့ပြောကျွန်တော့်ကိုအရူးတော့မလုပ်နဲ့ "

" ဟူး ..... ကိုယ်မင်းကိုအဲ့လိုလုပ်တာမဟုတ်ဘူး "

" အဲ့တာဆိုရှင်းရှင်းပြောတွေ့မှာလား ? မတွေ့ဘူးလား"

" အင်း...အင်း တွေ့မယ် တွေ့မယ် .. မင်းသဘော "

" အိုကေ Hyung ကျေးဇူးပဲ goodnight "

" အွန်း Jimin-ah Goodnight ... မနက်ဖြန်နေ့လည်၂:၀၀ ကိုယ်လာခေါ်မယ် "

" Nae စောင့်နေမယ် "

________________

နောက်ဆုံးတော့ သူကျွန်တော့်ကိုတွေ့ဖို့သဘောတူလိုက်ပြီ ..ပျော်လည်းပျော်တယ် ရင်လည်းခုန်တယ်
ဒါပေမယ့် ကျွန်တော်နားမလည်နိုင်တာက
Tae နဲ့ Jungkook နဲ့ကို ..
Kookie ကလည်းကျွန်တော့်ကိုစကားအဆန်းတွေပြောတယ် .. Tae ဆိုလည်းအခုထိမအိပ်သေးဘူး
ဟိုလျှောက်လိုက်ဒီလျှောက်လိုက်နဲ့ သူ့အခန်းထဲမှာ
သူ့အခန်းက ကျွန်တော့်ဘေးခန်းဆိုတော့ သူဘာလုပ်နေလုပ်နေအကုန်နီးပါးကြားရတယ်လေ ...
ကျွန်တော်ပြောလိုက်တာလွန်မှန်းသိပေမယ့် ဒီလောက်ထိဖြစ်စရာလိုလို့လား ???

Twisted | Yoonmin • Completed Where stories live. Discover now