The reason ? ZG+UNI

1.7K 189 31
                                    

Unicode

အတတ်နိုင်ဆုံး Tae ကိုအလုပ်မသွားအောင်ဆွဲထားပေမယ့် သူကမရမကသွားမယ်ဆိုပြီးထွက်သွားတော့ အခုအိမ်မှာတစ်ယောက်တည်းကျန်ခဲ့လေရော

Yoongi Hyung ကလည်းလာတော့မယ်ဆိုတော့နည်းနည်းတော့စိတ်လှုပ်ရှားနေတာမို့လို့လည်းပါတာပေါ့
သူရှိနေတော့ ကိုယ်တွေကြားထဲမှာ Awkward မဖြစ်တော့ဘူးပေါ့ မဟုတ်ရင် နေရခက်နေမှာနှစ်ယောက်ထဲဆိုရင်..ဒါပေမယ့် ပြောမရပါဘူး ကိုယ်တော်ချောက ထွက်သွားတာပါပဲ ...

သူရောက်လာတော့လည်း စိတ်ထဲမှာစိတ်ပူနေတာတွေကအပိုတွေဖြစ်နေရော .. ကျွန်တော်တို့နှစ်ယောက်ကြားမှာ အဲ့လို Awkward ဖြစ်တာတွေမရှိပဲ အရင်လိုပဲစကားတွေပြောနေမိတာပါပဲ .. အရင်ကလိုပဲ ကျွန်တော်ချစ်ခဲ့ရတဲ့ သူတစ်ယောက်၏ အပြုံးတွေကိုပြန်မြင်ရပြီပေါ့ .. အခုကျွန်တော်တို့ စကားတွေပြောပြီး နှစ်ယောက်လုံး ခုတင်ပေါ်မှာလှဲပြီးတော့ အိပ်ဖို့ဟန်ပြင်နေမိလေရဲ့ ... ဒါပေမယ့် ကျွန်တော့်အတွင်းစိတ်က သိချင်နေတာတစ်ခုကို သူ့ကိုမေးချင်နေတာရှိနေတော့
ဘယ်လိုမှ အိပ်လို့မရ ၊ မေးလိုက်ရင်လည်း သူကျွန်တော့်ကိုစိတ်ဆိုးသွားမှာကိုလည်း ဆိုးသေးတယ်...

ကျွန်တော်ပဲအတွေးလွန်နေတာလားတော့မသိဘူး..
ကျွန်တော့်အပေါ်ကို Hyung ချက်ချင်းပြောင်းလဲသွားရတဲ့အကြောင်းအရင်းကိုကျွန်တော်လုံးဝနားမလည်နိုင်ဘူး ... ဒါပေမယ့်လောလောဆယ်တော့သူနဲ့အတူတူရှိရတဲ့အချိန်ခဏလေးမှာ လျှောက်မတွေးပဲနေရမယ်..

ကိုယ့်ဟာကိုပြောပြီးတော့လည်း ကျွန်တော့်စိတ်ကျွန်တော်မထိန်းနိုင်ပါဘူး .. ကျွန်တော်တို့ဘာလို့လမ်းခွဲဖြစ်ခဲ့တာလဲ ဆိုတာကို မေးရမယ် ... မေးကိုမေးမှဖြစ်မယ်

ကျွန်တော်တို့လွန်ခဲ့တဲ့နှစ်နှစ်လောက်ကသွားခဲ့တဲ့ Dubai Trip အကြောင်းကိုသူကပြောပြနေတာပြုံးလို့..
ကျွန်တော်အဲ့တုန်းကအရမ်းပျော်ခဲ့တာ..
အဲ့တုန်းကကျွန်တော်အဲ့ဒီမှာပထမဆုံးသူ့ကိုကျွန်တော့်အတွက်အချစ်ရဆုံးသူလို့သတ်မှတ်ခဲ့တာ..
Love of my life ... အဲ့ဒီမှာကျွန်တော်တို့အမှတ်တရတွေအများကြီးရှိခဲ့တယ် .. ကျွန်တော်သူ့အပေါ်မှာရှိတဲ့ခံစားချက်တွေကို သေသေချာချာဖွင့်ပြောပြပြီး သူကလည်းကျွန်တော့်ကို အဲ့လိုပဲခံစားရတယ်ပြောခဲ့တာ ...
ကျွန်တော်တို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက်အပြန်အလှန်ခံစားချက်တွေထုတ်ဖော်ပြောပြခဲ့ပြီး
ကျွန်တော်တို့ရဲ့ ပထမဆုံးအနမ်းကိုလည်း အဲ့ဒီမှာပဲပေးခဲ့ကြတာ .. ကျွန်တော်တို့ရဲ့အချစ်ခရီးအစပေါ့ ..

Twisted | Yoonmin • Completed Where stories live. Discover now