P (1)

139 7 5
                                    

ဝင်မလာခဲ့နဲ့ Pရယ် ။

မင်းတစ်သက်စာမခိုလှုံနိုင်တဲ့ ဒီရင်ကိုဝင်မလာခဲ့နဲ့ ။

မင်းရဲ့အချို့စကားသံတွေကြောင့် ပျက်ခဲ့ရတဲ့ငါ့ကမ္ဘာက ရယ်စရာမှမဟုတ်ပဲ ။

ခဏတာ ဂရုစိုက်မှုတွေနဲ့ ငါ့ရင်ခုန်သံတွေကို ခိုးသွားတာရော မင်းပျော်ရဲ့လားကွယ် ။

နာကျင်ရတဲ့ ငါ့ညဥ့်နက်တွေဟာ သန်းခေါင်ကိုကျော်လွန်နေတာရော
မင်းတစ်ယောက် သိမလား ။

နားမလည်နိုင်တဲ့ မင်းရဲ့မပွင့်လင်းမှုတွေပါပဲ ။

တိတ်တဆိတ်မျှော်လင့်ချက်တွေနဲ့
ငါသိပ်ပင်ပန်းနေပြီ ။

အိမ်မက်တွေနဲ့ရူးသူလို့တော့ မလှောင်ပြောင်နဲ့ P။

အဲ့အိမ်မက်တွေမှာ မင်းတစ်ယောက်သာပါဝင်ကြောင်း
ငါကိုယ်တိုင်ပဲသိတာမို့ ။


LacunaWhere stories live. Discover now