ရှေ့တည့်တည့်ကို ကြည့်စမ်း Pရယ် ။
မင်းရှေ့က ငါ့မေတ္တာတွေကိုမမြင်တဲ့အထိ ဘာလို့များတုံးအနေရသလဲ ။
တကယ်ဆို မင်းလည်းငါ့ကိုမချစ်တာမဟုတ်ပဲနဲ့ ။
လွဲမှားနေတဲ့ မင်းအတွေးတွေနဲ့ ကိုယ့်ကိုကိုယ်ချုပ်နှောင်ရတာ မပင်ပန်းသေးဘူးလား ဒါမှမဟုတ် ရူးမိုက်စွာ ပျော်နေတာလား ။
မင်းရဲ့ အတောင်ပံတစ်စုံကိုဖွင့်ခဲ့..
ပြီးတော့ ငါ့ဆီကို တည့်မတ်စွာ ပျံသန်းခဲ့..
ရင်ဖွင့်ပြီးကြိုဆိုဖို့ ဒီနေရာမှာငါစောင့်နေတာကို Pမသိလေသလားကွယ် ။
ဝေးဝေးပြေးဖို့ ကြိုးစားနေတဲ့Pဟာ စိတ်ရှိသလောက်ကို တုံးအနေတော့တာပဲ ။
မင်မှ ငါ့အနားမလာရင် မင်းပိုင်တဲ့နှလုံးသားတစ်စုံအကြောင်း ငါဘယ်လိုပြောပြရပါ့မလဲ ။
အော် သိပ်တုံးတဲ့ Pရယ် ။