အပြောင်းအလဲမြန်တတ်တာ မင်းရဲ့အကျင့်လား ။
ဒါမှမဟုတ် လူတွေရဲ့ အကျင့်လား ။
မင်းပြောဖူးတဲ့ စကားတစ်ခွန်းကို သေသည်အထိ ဖက်တွယ်ချင်တဲ့ ငါကပဲ ရူးနှမ်းနေခဲ့တာလား ။Good morning , Goodnight
စသည်ဖြင့် အသေးစိတ်ကအစ စာတိုတွေပို့တတ်တဲ့ မင်းက အခုတော့ဖြင့် seenတောင်မပြ ။မီးစိမ်းလေးကို ကြည့်ရင်း မလိုလားအပ်တဲ့ ဝမ်းနည်းမှုတွေဟာ မသိလိုက် မသိဘာသာ ။
နေနိုင်သွားပြီလား ။
ငါ့ကို သတိမရတော့ဘူးလား ။
ဒီနွံထဲက မင်းလွတ်မြောက်သွားပြီး ငါတစ်ယောက်ပဲ အရှုံးတွေနဲ့ ကျန်ခဲ့မှာလား ။
ဒါဟာ ဘယ်မျှတမလဲ Pရာ ။
မင်းစတင်ခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်ရဲ့အဆုံးမှာ ငါကတော့ဖြင့် အထီးကျန်စွာ ။
ဒါဟာ ဘယ်မျှတမလဲ ။