မင်းက သဘောကျတယ်လို့ပဲပြောခဲ့တာ...
သိပ်တုံးတဲ့ငါကတော့ တစ်ဖက်သတ်အတွေးတွေနဲ့
ကမ္ဘာပျက်နေခဲ့တယ် ။စွဲလန်းမှုတွေနဲ့ နစ်မွန်းမယ့်သူဟာ
မင်းပဲဖြစ်သင့်တာလေ ။ဘာလို့ငါက ပြိုလဲနေရပါသလဲ ။
ပျော့ညံ့တတ်တဲ့အကျင့်လည်း ငါ့မှာမရှိပဲနဲ့ ။
ဆိုးလိုက်တာ Pရယ်...
ငါ့ဘဝထဲဝင်လာဟန်လုပ်ပြီးမှ
ငါ့ရင်ကို ခြေစုံကန်သွားတဲ့မင်းက ဆိုးလိုက်တာ ။ဘယ်ဘဝက အညိုးတွေကြောင့် ငါ့အပေါ် ရက်စက်ရသလဲကွယ် ။
ဒီတစ်ခုတော့ မင်းဖြေပေးသင့်ပါတယ် ။