1.2, အချစ်​ခံရတဲ့ ပန်းက​လေး

6.9K 417 0
                                    

သူမမတ်​တပ်​ရပ်​​နေတဲ့​နေရာမှာပဲ သူမမျက်​လုံးကို ဖြည်းညင်းစွာ ဖွင့်​လိုက်​တယ်
Kimberlyဟာ သူမမျက်​နှာကို နူးညံ့ကြင်​နာတဲ့​လေ​အေး​တွေ ဖြည်းညင်းစွာ ရိုက်​ခတ်​​နေသလို ခံစားလိုက်​ရတယ်

သူမရပ်​​နေတဲ့​နေရာက အနံ့အသက်​ဟာ လတ်​ဆတ်​ပြီး သူမရဲ့အာရုံ​ကြော​တွေ ဖြည်းဖြည်း​လေး ငြိမ်​သက်​သွား​လောက်​​အောင်​ကို လွှမ်းမိုးထားတယ်
သူမပတ်​ဝန်းကျင်​မှာ​တော့ ဥယျာဉ်​ထဲက ပန်း​လေး​တွေနဲ့ ​လောကကြီးဟာ သူ့ဟာသူ အလှဆင်​​နေတယ်
သူမရဲ့​သေးသွယ်​လှပတဲ့ပုံရိပ်​တစ်​ခုသာ ဥယျာဉ်​ထဲ။
အဲ့ဒါဟာ ​လောကပန်းချီကားထဲမှာ လှပတဲ့ပုံရိပ်​​လေးတစ်​ခု ​ဆေးခြယ်​ထားတဲ့အတိုင်းပဲ

ဒါက ဘယ်​လိုငရဲမျိုးလဲ

Kimberlyဟာ သူမမျက်​လုံးကို ​ဝေ့ဝဲကြည့်​မိတဲ့အခါ ​ရေအိုင်​ကြီး​ဘေးက​နေ ဖြတ်​လာတဲ့ ပုံရိပ်​နှစ်​ခုကို သူမမြင်​​နေရတယ်

သူမစိတ်​ထဲ သူတို့က ရင်းနှီးသလိုလို ဒါ​ပေမဲ့ အရမ်းကြီးလဲမဟုတ်​ပါဘူး
ပုံရိပ်​နှစ်​ခုက တစ်​​ယောက်​နဲ့တစ်​​ယောက်​ လက်​ချင်းချိတ်​ထားပြီး ​ပျော်​ရွှင်​စွာ ပြုံးထားကြတယ်

<<ပထမမစ်​ရှင်​မှ ကြိုဆိုပါတယ်​ kimberly>>

ဒါက ငရဲလား ဘာ​ကြောင့်​ဒီနှစ်​​ယောက်​ကို ကြည့်​ရတာ ငါ့နှလုံးသားက အသားမကျသလို ခံစား​နေရတာလဲ ငါဒီမုန်းစရာခံစားချက်​ကို မကြိုက်​ဘူး

<<ဒါ​တော့ ကျွန်​​တော်​လဲ မ​သေချာဘူး သူတို့ရဲ့ အစီအစဉ်​မှာ ပါဝင်​ရမဲ့ ​နေရာကို မ​ရောက်​သ​ရွေ့ ကျွန်​​တော်​မရှင်းပြနိုင်​ဘူး သင်​က ထိန်းချုပ်​ခံလူတစ်​​ယောက်​ ဆိုတာ သတိရပါ ​နောက်​ခံကာရိုက်​တာက အသက်​ရှင်​လွတ်​​မြောက်​ဖို့ပဲ လိုတယ်​ သင်​က သင့်​အပိုင်​ပဲ သင်​ဘာလုပ်​မလဲ ဆိုတာ သင့်​သ​ဘောပဲ အ​ခြေခံအားဖြင့်​ ဒီ​နေရာက သင့်​ရဲ့ တကယ့်​မစ်​ရှင်​က အသက်​ရှင်​ဖို့ပဲ မြန်​မြန်​ကြီး ​သေသွားတာကို ခွင့်​မပြုထားဘူး >>

ဒါက အရမ်းထူးဆန်းတယ်​ ငါထူးဆန်းတဲ့ ခံစားချက်​ကို ရ​နေတယ်​ ငါသူတို့ကို ကြည့်​ရင်​ ငါ့စိတ်​က သိ​နေသလိုပဲ အနည်းဆုံး​တော့ သူတို့ဘယ်​သူလဲဆိုတာ ငါ့ကို ​ပြောပြလို့ရမလား

Arc-1: The Beloved Flower(AMSTS)Donde viven las historias. Descúbrelo ahora