နိုဝင်ဘာ(၂၆)ရက်နေ့...
ယဉ်ကျေးဝေမင်္ဂလာဆောင်ရောက်ရန် ၃ရက်အလို...
အိမ်မှာလည်း အားလုံးအလုပ်ရှုပ်နေကြချိန်...
ယဉ်ကျေးဝေတစ်ယောက်လည်း အိမ်ကိုတောင်သေချာမကပ်နိုင်။ဟိုတယ်ခန်းမငှါးတဲ့ကိစ္စတွေအတွက်ရော၊အလုံးစုံကိစ္စတွေအတွက် သူ့သတို့သားနဲ့အားတောင်မအားလပ်နိုင်။
ရှင်လင်းညို နှင့် ထက်ဦးညီကနှစ်ယောက်တွဲပြီး တစ်ခြားစီစဉ်စရာရှိတာတွေစီစဉ်ရသည်။"အစ်မရေ...ညီရော"
ချိန်းထားသည့်အချိန်ကရောက်နေပြီ။အခုထိထွက်မလာသေးသည့် ထက်ဦးညီကို ခေါ်ဖို့နေခြည်တို့အိမ်ရှေ့ကိုရောက်လာခဲ့၏။
"ညီညီနေမကောင်းဘူးအညို...အရမ်းဖ်ားနေတယ်
တက်သွားလိုက်လေ"နေခြည်ကဆန်ပြုတ်ကျို နေရင်းလှမ်းပြောသည်။ရှင်လင်းညိုလည်းအိမ်ပေါ်ပြေးတက်လာမိ၏။အခန်းထဲရောက်တော့ အိပ်ယာပေါ်မှာနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ ထက်ဦးညီကိုတွေ့လိုက်ရ၏။
နဂိုကမှဖြူ နေတဲ့မျက်နှာလေးကအခုတော့သွေးမရှိတော့ ပိုဖြူ ဆုတ်နေသလို...ပန်းနုရောင်သမ်းနေတဲ့သူ့နှုတ်လေးတွေကလည်းခြောက်သွေ့လို့။နှဖူးလေးကို အသာလေး လက်တင်စမ်းကြည့်တော့ကိုယ်ပူချိန်တွေက တရိပ်ရိပ်တက်လို့...။
နေခြည်အခန်းထဲဝင်လာတော့ လက်ကိုရုတ်လိုက်ကသည်။ဗန်းလေးတစ်ခုထဲမွာ ရေခဲဝတ်နဲ့ဆန်ပြုတ်ပန်းကန်ထည့်ပြီးယူလာတာမို့ ကူသယ်ပေးလိုက်၏။
ပြီးတော့ ရေခဲဝတ်ကလေးကို နှဖူးပေါ်ဖွဖွလေးတင်ပေးလိုက်၊မျက်နှာလေးကို သဘက်လေးတစ်ခုနှင့်သုတ်ပေးလိုက်လုပ်နေ၏။"အစ်မ ကြျန်တော် ညီ့ကိုကြည့်ထားလိုက်ပါ့မယ်
အစ်မ အမေနဲ့ဖိတ်စာလေးသွားဝေပေးပါ့လား"နေခြည့်ကိုလှည့်ပြီး ပြောလိုက်သည်။နေခြည်က မ
ငြင်း။နေခြည်က ကားသော့ကိုယူပြီး ထွက်သွားသည်။ရှင်လင်းညိုက ရေပတ်တိုက်ပေးလိုက်၊နှဖူးလေးကို အသာလေးစမ်းကြည့်လိုက်လုပ်နေ၏။
သိပ်မကြာခင်မွာပဲ ထက်ဦးညီရဲ့ နှုတ်ခမ်းလေးတွေလှုပ်လာခဲ့သည်။"အစ်ကို...အစ်ကို..."
အဖ်ားတွေတက်ပြီး ရှင်လင်းညိုကို တရင်းယောင်
နေတာပဲဖြစ်သည်။ရှင်လင်းညိုက သူ့လက်ကလေးကို ဆုပ်ကိုင်လိုက်ရင်း...
YOU ARE READING
ဖြူစင်သော ချစ်ခြင်းဖြင့်
Romanceလူ့ဘောင်လူ့လောကကြီးက ဒီလိုပါပဲ... အချစ်ကို ယောကျာ်းမိန်းမ ဆိုတဲ့နာမ်စားတွေနဲ့ဘောင်ခတ်ပစ်လိုက်ကြတယ်... အချစ်ကတကယ်တော့သိပ်ကိုရိုးရှင်းလွန်းပါတယ်... ညီနဲ့အစ်ကိုနဲ့ကြားထဲက အချစ်ကိုစည်းဝိုင်းထဲမှာ ဘောင်ခတ်ပစ်လိုက်ရင် စည်းဝိုင်းနဲ့အဝေးဆုံးနေရာကို ညီနဲ့အတူ...