"မင်းကိုငါပြောနေတာကိုကွာ မပြောသေးပါနဲ့ဦးဆို"
ကားပေါ်တက်ခါနီး ပြစိပြစိပြောနေသော ဟိန်းသူကိုကြည့်ရင်း သူပြုံးမိလိုက်သည်။
"မဟုတ်လည်းသိမွာပဲဟာ..."
"သိတာတော့သိမှာပေါ့ကွာ...သြားတော့မယ်...ဦးလေးကိုပြန်ပြောမနေနဲ့ဦးနော် အညို"
"အေးပါကွာ"
သူတို့ကားထွက်သြားတော့မှ အညိုအိမ်ထဲပြန်ဝင်လာခဲ့သည်။အိမ်ထဲရောက်တော့ အဖေဖြစ်သူက လက်သီးနှင့် ဆီးထိုးတာခံလိုက်ရသည်။ပုံပုံက ဦးလင်းထက်လက်မောင်းကို သူ့အားလေးနှင့်ဆြဲထားသော်လည်း သူ့အမေက ဘာမျှဝင်မပြော။
"မင်းဘယ်လိုလုပ်လိုက်တာလဲအညို"
"ဘာလုပ်မိလို့လဲအဖေ...လူငယ်သဘာဝရည်းစားထားမိတာအပြစ်လား"
"အေးမင်းရည်းစားထားတာအပြစ်မဟုတ်ပေမယ့် ယောကျာ်းချင်းကြိုက်နေတာကအပြစ်ပဲကြ"
"ယောကျာ်းချင်းကြိုက်တာလည်း အချစ်မဟုတ်ဘူးလားအဖေ သားမှားတာတစ်ခုမှမရှိဘူး"
ဖြန်း!!
ရှင်လင်းညို ပါးကို အသံပင်မြည်အောင် ဒေါ်အိအိမိုးကရိုက်ချလိုက်သည်။"နင့်ပါးစပ်ကိုပိတ်ထားစမ်း ငါတို့သိက္ခာကိုနင်ဒီလိုပဲခ်နေမှာလား...အခုချက်ချင်း ငါ သူတို့ကိုငါ့အိမ်ပေါ်ကနှင်ချမယ်"
"အမေ အမေ"
ပြောပြောဆိုဆို ပြေးထွက်သြားသော မိခင်ဖြစ်သူနောက်ကို ရှင်လင်းညိုက မီအောင်လိုက်နေရသည်။
"နေခြည် နေခြည်"
ဒေါ်အိအိမိုး အသံကြားတော့ နေခြည်ကဘာမသိညာမသိနှင့်ပြေးလာ၏။"ဪ အန်တီအိ"
"သမီးနဲ့အေးဆေးပြောစရာရှိတယ်"
"ဟုတ် အန်တီ အိမ်ထဲဝင်လေ"
"အမေ ဘာဖြစ်နေတာလဲဗျာ တော်ပါတော့"
"နင်ရှေ့တစ်လှမ်း ထပ်တိုးဖို့စိတ်ကောင်မကူးနဲ့"
နေခြည်က သူတို့သားအမိနှစ်ယောက်မျက်နှာကို တစ်လှည့်စီကြည့်နေမိသည်။ဒေါ်အိအိမိုး အိမ်ထဲဝင်လာတော့ အညိုက အိမ်ရှေ့မှာကျန်နေခဲ့၏။
YOU ARE READING
ဖြူစင်သော ချစ်ခြင်းဖြင့်
Romanceလူ့ဘောင်လူ့လောကကြီးက ဒီလိုပါပဲ... အချစ်ကို ယောကျာ်းမိန်းမ ဆိုတဲ့နာမ်စားတွေနဲ့ဘောင်ခတ်ပစ်လိုက်ကြတယ်... အချစ်ကတကယ်တော့သိပ်ကိုရိုးရှင်းလွန်းပါတယ်... ညီနဲ့အစ်ကိုနဲ့ကြားထဲက အချစ်ကိုစည်းဝိုင်းထဲမှာ ဘောင်ခတ်ပစ်လိုက်ရင် စည်းဝိုင်းနဲ့အဝေးဆုံးနေရာကို ညီနဲ့အတူ...