ရှင်လင်းညို မျက်လုံးကိုအားယူပြီးဖွင့်လိုက်သည်။
စိတ်ထဲမွာ နောက်ဆုံးမှတ်မိလိုက်တာက ထက်ဦးညီတို့ကားနောက်ပြေးလိုက်သည်ကိုပင်။"အစ်ကို နိုးပြီလား"
"ညီ"
ရှင်လင်းညို က ကုတင်ပေါ်က တန်းထပြီး ထက်ဦးညီကို ဆွဲဖက်လိုက်သည်။
"ညီ ကိုယ့်အနားကထွက်သွားပြီထင်နေတာ"
"အခုတော့ အိမ်ကိုပြန်လိုက်ဦးအစ်ကို အန်တီအိ စိတ်ပူနေလောက်ပြီ...ညကအစ်ကိုမေ့လဲသွားလို့ ညီ့အခန်းကိုပဲခေါ်လာလိုက်တာ"
"အင်းအင်း"
ရှင်လင်းညိုက အောက်ထပ်ဆင်းဖို့ အခန်းတံခါးဖွင့်လိုက်စဉ် ထက်ဦးညီကပြေးလာပြီး ရှင်လင်းညိုခါးကိုဖက်ထားလိုက်၏။
"ညီတို့ရှေ့ဆက်ဖို့ဖြစ်နိုင်ပါ့မလားအစ်ကို"
"ဘာဖြစ်လို့လဲညီ ဘာလို့ရှေ့ဆက်ဖို့မဖြစ်နိုင်ရမွာလဲ"
"အားလုံးရဲ့အမြင်မွာ ညီတို့က..."
"အားလုံးရဲ့အမြင်မှာဘာဖြစ်လဲညီ"
ရှင်လင်းညိုက ခါးကိုဖက်ထားတဲ့သူ့လက်ကလေးတွေကို တယုတယကိုင်လိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ထက်ဦးညီဘက်ကိုလှည့်လိုက်၏။
"အစ်ကို့တို့နှစ်ယောက်ရှေ့ဆက်ရမယ့်လမ်းက အစ်ကိုတို့နှစ်ယောက်နဲ့ပဲ သက်ဆိုင်တာပါညီ...ဘယ်သူဘယ်သူမှလည်းဝင်တားလို့မရနိုင်ဘူး တစ်လောကလုံးဝိုင်းရှုံ့ချနေတယ်ဆိုရင်တောင် ညီလက်ကိုအစ်ကိုဘယ်တော့မှဖြုတ်ပေးမှာမဟုတ်ဘူး"
ရှင်လင်းညိုက စကားပြောပြီးပြီးချင်း သူ့ရဲ့နှဖူးလေးကို ယုယစွာနမ်းလိုက်သည်။ပြီးတော့ သတ္တိရှိရှိခြေလှမ်းတွေနဲ့ အိမ်အောက်ထပ်ဆင်းလာခဲ့သည်။
"အညို"
အိမ်ထဲကထွက်မယ်အလုပ် နေခြည့်အသံကြောင့် လှည့်ကြည့်မိသည်။
"အစ်မတောင်းပန်ပါတယ်"
"ဘာကိုလဲအစ်မ"
"ကျေးဝေလို အစ်မတစ်ယောက်ကတောင် နားလည်ပေးနိုင်ခဲ့တာကို အစ်မနားမလည်ပေးနိုင်ခဲ့လို့
ညီညီ့လက်ကို ဘယ်တော့မှမဖြုတ်ပါဘူးဆိုတဲ့ကတိတော့အစ်မလိုချင်တယ်အညို"
YOU ARE READING
ဖြူစင်သော ချစ်ခြင်းဖြင့်
Romanceလူ့ဘောင်လူ့လောကကြီးက ဒီလိုပါပဲ... အချစ်ကို ယောကျာ်းမိန်းမ ဆိုတဲ့နာမ်စားတွေနဲ့ဘောင်ခတ်ပစ်လိုက်ကြတယ်... အချစ်ကတကယ်တော့သိပ်ကိုရိုးရှင်းလွန်းပါတယ်... ညီနဲ့အစ်ကိုနဲ့ကြားထဲက အချစ်ကိုစည်းဝိုင်းထဲမှာ ဘောင်ခတ်ပစ်လိုက်ရင် စည်းဝိုင်းနဲ့အဝေးဆုံးနေရာကို ညီနဲ့အတူ...