မနက်မိုးလင်းတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့
ထက်ဦးညီကို မနှိုးတော့ပဲ အသာလေး အခန်းထဲကထွက်လာပြီး အိပ်ဆင်းလာခဲ့၏။
အောက်ရောက်တော့ အိပ်ချင်မူးတူးနဲ့အခန်းထဲကထွက်လာတဲ့ ယဉ်ကျေးဝေနဲ့ပုံပုံကိုတွေ့လိုက်ရသည်။မောင်နှမသုံးယောက်အတူတူ အိမ်ပြန်မျက်နှာသစ်ပြီး မိခင်ကျွေးတဲ့မနက်စာကိုစားဖို့ စားပွဲမှာထိုင်စောင့်နေကြတာကို ဒေါ်အိအိမိုးကမြင်တော့..."အမလေး...သခင်လေးတွေသခင်မလေးတွေ
အစောကြီးပါလား...ခဏစောင့်ဦး...အိပ်လို့်ပျော်ခဲ့
ကြရဲ့လား"မနက်စာလုပ်ရင်းမေးနေတဲ့ ဒေါ်အိအိမိုးစကား
ကြောင့် ပုံပုံနဲ့ယဉ်ကျေးဝေတို့ရဲ့မျက်လုံးတွေက ရှင်လင်းညိုဆီကိုအလိုလိုရောက်သွားကြတော့သည်။"တစ်ယောက်သောသူကတော့သာသာယာယာနဲ့အိပ်ပျော်သြားတာပဲမေမေရေ"
ယဉ်ကျေးဝေကြောင့် ရှင်လင်းညို တံတွေးတောင်သီးသွားသည်။သူတို့အမေကလှည့်ကြည့်တော့မှ...
"ပုံပုံလေ မေမေရဲ့ အိပ်လိုက်တာမ်ား"
"အင်းဒါနဲ့ သမီး ဖိတ်စာတွေအပြီးဝေပြီးပြီလား"
"နည်းနည်းတော့ကျန်သေးတယ်မေမေ...ခဏနေ ကိုလင်းလာမွ သြားဝေရမှာ"
"အေး ရော့ မြန်မြန်စား အဲ့ဆို"
ပထမဦးဆုံးရတဲ့ပေါင်မုန့်ကြက်ဥကြော်ပန်းကန်ကို ယဉ်ကျေးဝေကိုချပေးလိုက်သည်။ပုံပုံနဲ့ ရှင်လင်းညိုက ပန်းကန်ကိုကြည့်လိုက်သူတို့အမေကိုကြည့်လိုက်လုပ်နေ၏။
"ရော့ မြန်မြန်စားကြ...ခဏနေ ဧည့်သည်တွေလာရင်နင်တို့ရှုပ်နေမှာစိုးလို့"
ရှင်လင်းညို စားလို့ကုန်ခါနီးတော့ ဟိန်းသူအပေါ်ထပ်ကနေ ဆင်းလာသည်။သူ့ကိုမြင်တော့ မီးဖိုချောင်ထဲတန်းဝင်လာပြီး...
"လက်ဖက်ရည်ဆိုင်သြားရအောင်အညို"
"သား ဒီမွာစားလေ အန်တီမနက်စာလုပ်ပေးမယ်"
"ရတယ် အန်တီ သား သူနဲ့လက်ဖက်ရည်ဆိုင်သွားလိုက်မယ်"
"ဪအေးအေး...မြန်မြန်စားအညို ..လိုက်ပို့ပေးလိုက်ဦး"
YOU ARE READING
ဖြူစင်သော ချစ်ခြင်းဖြင့်
Romanceလူ့ဘောင်လူ့လောကကြီးက ဒီလိုပါပဲ... အချစ်ကို ယောကျာ်းမိန်းမ ဆိုတဲ့နာမ်စားတွေနဲ့ဘောင်ခတ်ပစ်လိုက်ကြတယ်... အချစ်ကတကယ်တော့သိပ်ကိုရိုးရှင်းလွန်းပါတယ်... ညီနဲ့အစ်ကိုနဲ့ကြားထဲက အချစ်ကိုစည်းဝိုင်းထဲမှာ ဘောင်ခတ်ပစ်လိုက်ရင် စည်းဝိုင်းနဲ့အဝေးဆုံးနေရာကို ညီနဲ့အတူ...