ကိုး -၄-

989 39 0
                                    

ချစ်သောကလေးငယ်ရယ်
အရာရာဟာ ဖြစ်မြဲသဘောထဲ
ရှင်သန်ဖြစ်တည်ရတာပဲ
မင်းလည်တိုင်ပေါ်ကမှည့်နှစ်လုံး
မင်းနှုတ်ခမ်းပါး
ဘိုးတော်ဆိုတဲ့ မင်းခေါ်တဲ့ ကိုယ့်နာမ်စား
အပြုံးရှားတဲ့ အချေကောင်လေးရဲ့ ကိုယ့်အတွက်အပြုံး

ခပ်သိမ်းသောနှလုံးအိမ်မှာ
ဆူပွက်နေတဲ့သွေးတွေဟာ
မင်းနာမည်ကိုတောင့်တလို့ပေါ့ကလေးငယ်ရယ်

ရူးသွပ်တဲ့စိတ်နဲ့
သေသွားရင်
ဘယ်ဘုံကိုရောက်မတဲ့လဲ
ချစ်သောရေ
ကိုယ်မင်းရှိတဲ့ဘုံတိုင်းကို
လိုက်နေချင်ပါတယ်

နို/၉/၂၀၁၈

My Beloved CoeWhere stories live. Discover now