ကိုး -၇-

950 27 0
                                    

လောကမှာ စောက်ကြောတင်းတင်းနေခဲ့သမျှ
ကောင်လေးတစ်ယောက်ရဲ့ အရာရာမှာ
ပစ်ပြီးပြိုလဲခဲ့ရတာပဲ။
ဘယ်သူ့ကိုမှ ဂရုမစိုက်ပဲနေခဲ့တဲ့ကောင်ကပဲ
အဲ့ကောင်လေးရဲ့ ဥပေက္ခာတွေကြား
ကျေနပ်ရတယ်။

တစ်လောကလုံးနဲ့ ဘုဘောက်ဖြစ်တဲ့ ဒီကကောင်က
အဲ့ကောင်လေးပြုသမျှနုရတယ်။
မချစ်ပါနဲ့ ပြောရင်လည်း ဆက်ချစ်မယ်။
မုန်းပါပြောရင်တော့ မမုန်းဘူး။
ဒီလောက်တော့ပြန်ဘုကလန့် ချင်တယ်။

ဘယ်တော့မှမချစ်တော့ဘူးဆုံးဖြတ်ခဲ့တဲ့ငါက
အဲ့မျက်ဝန်းတွေနဲ့ထိပ်တိုက်တွေ့မှပဲ
ဆုံးဖြတ်ချက်ကြီးကို ပြင်ခဲ့ရတယ်။
တစ်ဖက်သတ်ပဲနိုင်ခဲ့တဲ့အချစ်ကိုလည်း
ဒီလူက ကျေနပ်ရတယ်။

ကိုယ့်ကိုချစ်တဲ့ ကိုယ်မချစ်နိုင်တဲ့သူတွေကိုငြင်းခဲ့သမျှ
ကိုယ်ကချစ်တဲ့သူရဲ့ မချစ်နိုင်ဘူး မဖြစ်နိုင်ဘူးလို့
ခါးခါးသီးသီးငြင်းဆိုမယ့်ကလေးရဲ့စကားတွေအပေါ်က
ကိုယ့်ဝဋ်ဆင်းရဲတွေကို မခံယူရဲပါဘူး။

ဘယ်သူဘယ်ဝါအပေါ်မှအထက်စီးနင်း မနိုင်တော့ဘူး။
ဘယ်သူ့အပေါ်ကိုမှစောက်ကြောတင်းတင်းမထားဘူး။
အဲ့ကနေရလာတော့မယ့်တန်ပြန်မှုတွေမလိုချင်ဘူး။
ကိုယ်လည်းအဲ့ဒဏ်တွေကိုမခံနိုင်ဘဲလေ။

ဒါပေမယ့် ငါချစ်ပါတယ်...
ငါမြတ်နိုးပါတယ်။
တန်ပြန်တာတွေရှိပါစေ။

My Beloved CoeWhere stories live. Discover now