#" ခင်ဗျား ဘာပြောပြော ကျွန်တော် စိတ်မဝင်စားတော့ဘူး
ဦး မင်းနောင်ကြိုး ''#" ဘာ?''
#" ခင်ဗျားဘဝ ပျက်အောင် ကျွန်တော်ရည်ရွယ်ပြီး လုပ်ခဲ့တာ မဟုတ်ဘူး အဲ့အတွက် ကျွန်တော့်ကို အပြစ်တင်
နေတာတွေ ရပ်လိုက်ပါတော့''#" မင်း... ငါ့ကို ဒီလိုလုပ်လို့မရဘူး! !''
#" ဘာလို့ မရ ရမှာလဲ? ခင်ဗျားတစ်ယောက်တည်း ဆုံးရှုံးခဲ့
ရတာ မဟုတ်ဘူး.... ကျွန်တော်လည်း ခင်ဗျားနည်းတူ
ဆုံးရှုံးခဲ့ရတာ မို့ ဘယ်သူ့ကိုမှ အပြစ်မတင်ပဲ နေသွားကြ
တာပေါ့ ''.
.
.
ဒီစကား.... ဒီမျှပဲ ပြောပြီး သွန်းမာန်
နောက်ပြန်လှည့်မကြည့်ပဲ
ထွက်လာခဲ့တာ.....ထိုနေ့ကတည်းက အားလုံးကို စိတ်ပိုင်းဖြတ်ခဲ့တာ..
သွန်းမာန် မှန်မှာ မျက်နှာသစ်ပြီးခါစ
ထင်ဟပ်နေတဲ့
ရေစက်လက်နဲ့ မျက်နှာကို အတန်ကြာ
စိုက်ကြည့်နေမိသည်။35 နှစ်အရွယ် ယောက်ျားတစ်ယောက်
ဖြစ်ပါလျက်
တွေဝေလွန်းနေတဲ့ သူ....ငါ့လို လူကို ဘာလို့ မျှော်လင့်နေရတာလဲ ကြိုးလေး...
ငါက..မင်းကို.... ပျော်ရွှင်အောင် ထားပေးနိုင်ပါ့မလား....
ငါက... မင်း အချစ်ကို လက်ခံလို့ရော ဖြစ်ရဲ့လား....
ငါက...မင်းကို...
ငါက..
ငါက...
.
.
.
ငါက....မင်းကို အချစ် ပြန်ပေးနိုင်ပါ့မလား....မေးခွန်းပေါင်းများစွာ နဲ့ ကိုယ့်ကိုယ်ကိုယ် အားမလို အားမရ ဖြစ်စွာ မှန်ကို ကျောခိုင်းလိုက်မိသည်။
ဘာလို့များ....
ဒီလောက်တောင် ခက်ခဲနေရတာလဲ...အဖြေမရှိတဲ့ မေးခွန်းတွေပဲ ခဏခဏ ထုတ်နေရတာ
ငါပင်ပန်းတယ် ကြိုးလေးရယ်...အပြစ်မရှိတဲ့ မင်းကို...
တစ်ခုခု မှားယွင်းစေသွားမိပြီ ဆိုတဲ့ အတွေးတွေကြောင့်
ငါပင်ပန်းတယ်....ဦးမင်းနောင်ကြိုး ပြောသလို..
ငါက အပြစ်တွေ များပြီး ငါနဲ့ ပတ်သတ်တဲ့ သူတိုင်းကို
ဒုက္ခရောက်စေနေမိတယ်ဆိုရင် ရော....ငါ မင်းကို ချစ်လို့ရပါ့မလား....
.
.
.
.
.သွန်းမာန် သက်ပြင်းမော တစ်ချက်ချလိုက်ပြီး
အဝတ်စားလဲ
ကားသော့ယူကာ ထွက်လာခဲ့လိုက်သည်။
ESTÁS LEYENDO
ကွှကွေိုး ကြွေကြိုး (Zawgyi+Unicode)
Novela Juvenilစိတ်ကူး အိမ်မက် နဲ့ လက်တွေ့ အားလုံးမှာ ဖြစ်တည်မှုက ချည်နှောင်ထားတဲ့ ကြိုး ကြွေ ကြိုး စိတ်ကူး အိမ်မက် နဲ့ လက်တွေ့ အားလုံးမှာ ဖြစ်တည်မှုက ချည်နှောင်ထားတဲ့ ကြိုး ကြွေ ကြိုး