*ring *ring
.
.
.
*ring... *ring...တောက်လျှောက် နားထဲဝင်လာတဲ့ ring tone သံကြောင့် သွန်းမာန် လေးလံနေတဲ့ မျက်ခွံကို
အားတင်းဖွင့်လိုက်မိသည်။စိတ်ထဲ ညနက်နက်ဖြစ်မည်ဟု ထင်ထားပေမယ့် မျက်ဝန်းကိုစူးစိုက်လာတဲ့ အလင်းတန်းကြောင့် ချက်ချင်းမျက်စိ
အမြန်ပြန်မှိတ်လိုက်ပြီး ချက်ချင်းတွေးလိုက်မိတာကမိုးတောင်လင်းသွားပြီပဲ.......
ညက ဘယ်အချိန် အိပ်ပျော်သွားမှန်းတောင် မမှတ်မိတော့
.
.
ညက ကြိုးလေး ရုတ်တရက်ရောက်ချလာပြီး....ကြိုးလေးဆိုမှ .......
ကြိုးလေးဘယ်အချိန် ပြန်သွားတာပါလိမ့်
အတွေးနဲ့ အတူ သွန်းမာန် လူးလဲ ထလိုက်တော့...
သွန်းမာန် အိပ်နေတဲ့ sofa နဲ့ မျက်နှာချင်းဆိုင် ထိုင်ခုံမှာ ခြေချိတ်ထိုင်နေတဲ့ ကြိုးလေး ကို တွေ့လိုက်ရလေသည်။" ဟင်!?.... ကြိုးလေး မင်းမပြန်ရသေးဘူးလား?"
သွန်းမာန် စကားအဆုံးမှာ ကြိုးလေးရဲ့ မျက်နှာမှာ
အပြုံးဖျော့ဖျော့လေးတစ်ခု ပေါ်လာပြီး..." ခင်ဗျားကို မနှုတ်ဆက်ရသေးလို့ ထိုင်စောင့်နေတာ လေ"
.
.
.
.
.သွန်းမာန် လူးလဲထနေရင်းကနေ ကြိုးလေးရဲ့ စကား
ကြောင့် လှုပ်ရှားမှုတွေ အားလုံးခဏရပ်သွားပြီး ကြိုးလေးကို ကြောင်ပြီးကြည့်နေလိုက်မိသည်။ဒီကလေးနဲ့တော့...... တကယ်ပါပဲ
" ဘာလို့ အဲ့လို ကြောက်စရာကောင်းအောင် ကြည့်နေတာလဲ?.. ကြောက်အောင်လည်း ခြောက်မထားမိပါဘူး"
ပေါ့ပေါ့ပါးပါးတုံ့ပြန်လာတဲ့ ကြိုးလေးရဲ့စကားကြောင့် သွန်းမာန် အကြည့်တွေကို ရုတ်သိမ်းပြီး နာရီကြည့်လိုက်တော့
7:50 A.M
" ကြိုးလေးရယ် တစ်ညလုံးပဲ ထိုင်စောင့်နေရလား? ..
ကိုယ်အိပ်ပျော်သွားရင်လည်း နိုးလိုက်ရောပေါ့....
ဒါမှမဟုတ်..... နှုတ်မဆက်ပဲ ပြန်လည်းရတာပဲကို..... "" အိပ်ရာနိုးနိုးချင်း အခုလို စကားတွေ ပြောနေရတာ
မပင်ပန်းဘူးလား ကိုးမာန်ရယ်.... အေးဆေးပေါ့.."
ŞİMDİ OKUDUĞUN
ကွှကွေိုး ကြွေကြိုး (Zawgyi+Unicode)
Genç Kurguစိတ်ကူး အိမ်မက် နဲ့ လက်တွေ့ အားလုံးမှာ ဖြစ်တည်မှုက ချည်နှောင်ထားတဲ့ ကြိုး ကြွေ ကြိုး စိတ်ကူး အိမ်မက် နဲ့ လက်တွေ့ အားလုံးမှာ ဖြစ်တည်မှုက ချည်နှောင်ထားတဲ့ ကြိုး ကြွေ ကြိုး