Part -39

5.4K 842 35
                                    

“ ကြွေကြိုးရော?’’

မင်းနောင်တစ်ယောက်

ဘရန်ဒီ ခွက်ကို စားပွဲပေါ် အသာတင်ရင်း သူငယ်ချင်း ဖြစ်သူ မျိုးမင်းရဲ့ အမေးကို ဖြေလိုက်သည်။

“ ညက ပြန်မလာဘူး ‘’

ဆိုဖာပေါ်မှာ ခြေထောက်ချိတ် ဟန်မပျက် ထိုင်နေပေမယ့်

ရင်ထဲမှာ တွေးပြီး ပူလောင်နေရတာ…

ကြွေ ဘာလို့ ဟိုကောင့်ရဲ့ စက်ကွင်းမှာ ပျော်မွေ့နေရလဲ မသိ..

အလုပ်ကိစ္စဖြစ်ဖြစ် ကိုယ်ရေးကိုယ်တာ ကိစ္စဖြစ်ဖြစ် အဆင်မပြေတာ ကြုံလာရတိုင်း အိမ်မှာ အမြဲ စောင့်ကြိုနေမယ့် သားလေး တစ်ယောက်ရှိခဲ့ရတဲ့ ဘဝကို သူ ဘယ်လောက် သဘောကျခဲ့မှန်း

အခုမှ သေချာသိခဲ့ရတာ….

ငွေကြေးဥစ္စာ လုံလောက်ပြည့်လျှံနေအောင် ရှာဖွေပြီး ကြွေ့ကို ဖြည့်ဆည်းပေးခဲ့ပေမယ့် တကယ်တမ်း အရွယ်ရောက်လာတော့လည်း

မိဘရင်ခွင်ကနေ ရုန်းထွက်ချင်ကြတာပါပဲ…..

“ မင်း မြန်မြန်ဖွင့်ပြောပြီး အဆုံးသတ်လိုက်သင့်တယ်လို့ ငါထင်တယ် မင်းနောင် ‘’

ထိုစကားကို ပြောနေချိန် ဦးမျိုးမင်းတစ်ယောက် မင်းနောင် မျက်နှာကိုစေ့စေ့မကြည့်ရဲ…

သူ့မှာ ဒီလို ပြောခွင့်မရှိတာ…. ဒီအခြေနေထိ ဖြစ်အောင် တွန်းမပို့သင့်တာ…. သူ့ကိုယ်သူ အသိဆုံး..

“ ငါလည်းတွေးထားပါတယ်….. ဒီနည်းလမ်းအပြင်မရှိတော့လည်း

ထုတ်သုံးရုံပဲပေါ့…. “

ပြောရင်း ဘရန်ဒီ တစ်ကျိုက်မော့လိုက်ပြီး…

“ သွန်းမာန်သစ်… . ငါ့ဘဝကို သိပ်ဒုက္ခပေးလွန်းတယ်….. အရင်တုန်းကရော…. အခုရော…… ငါ့ဘဝမှာ နောက်ဆုံးကျန်တဲ့

ကြွေ့ကိုတောင် ဒင်းက အရူးအမူးဖြစ်အောင် လုပ်လိုက်ပြန်တာ….

သူက ငါ့ဘဝကို ဒုက္ခပေးဖို့သက်သက် လူဖြစ်လာတာပဲ… .’’

“ ပြီးခဲ့တာတွေ အတွက် ငါတို့ ထပ်ပြီးမခံစားပဲ နေရအောင်ကွာ….

ကွှကွေိုး ကြွေကြိုး
(Zawgyi+Unicode)Donde viven las historias. Descúbrelo ahora