ပထမဆုံးရက်/ပထမဆုံးရကျ

1.1K 112 4
                                    

[Z]
၁.

ပထမဆုံးအကြိမ်အဖြစ် ကျွန်တော် ရင်ချန်းနှင့် တွေ့ဆုံစဉ်က အိမ်တော်၏ မြင်းဇောင်း အနောက်ဖက်တွင် ဖြစ်သည်။

ကျွန်တော် ကောက်ရိုးပုံပေါ်၌ အိပ်ပျော်နေစဉ် ဦးခေါင်းထက်မှ လေတစ်သုတ် ရုတ်တရပ်ဖြတ်ပြေးသွားသည်ကို ခံစားလိုက်ရလေသည်။ မြင်းဇောင်းတွင် ရက်ရှည်ကြာ အိပ်ခဲ့ခြင်း၏ အတွေ့အကြုံသည် ကျွန်တော့်အား ကိုယ်ကို တစ်ပတ်လှိမ့်ကာ ရှောင်ကွင်းစေပြီး အလျင်မပြတ် အသံမြည်နေသော အရာတစ်ခုက မူလ ကျွန်တော်တည်ရှိရာ နေရာသို့ လာမှန်လေတော့သည်။

မူလထင်ထားကတော့ ကျွန်တော့်အကို၏ တာ့ရွဲ့တစ်ကောင် နောက်ကန်ချက်နဲ့ ပညာပြလိုက်ပြီပေါ့။ မကြာ ၊ ကျွန်တော့် ယူဆချက် မှားမှန်း သိလိုက်ရပြီး ကောက်ရိုးပေါ်ကျလာသော အရာသည် လူတစ်ယောက်ဖြစ်နေသည်ကိုပါ သိလိုက်ရသည်။ သို့သော် ၊ ကျွန်တော်ကား လုံးဝဥသုံမှားသည်တော့ မဟုတ် ၊
ထိုပုဂ္ဂိုလ်သည် တာ့ရွဲ့၏ အနောက်ခြေဖြင့် ကန်ခံရခြင်းကြောင့်ပင် ဤကောက်ရိုးပေါ် ကျလာခြင်းဖြစ်သည်။

၂.

ထိုနောက် ရင်ချန်းသည် သန်မာသော သိုင်းသမားတစ်ဦးဖြစ်ပြီး ကျန်းဟုတွင် နာမည်ကြီးသည်ကိုပါ ကျွန်တော်သိလိုက်ရသည်။

(T/N : ကျန်းဟုသည် လက်ဝှေ့နယ်ပယ်ဖြစ်ပြီး သိုင်းသမားများပါ ပါဝင်သည်။)

သို့သော် ထိုအချိန်တွင်တော့ ကျွန်တော် သတိမထားမိခဲ့။

ဦးစွာ ရင်ချန်းသည် လိုက်အဖမ်းခံနေရပြီး ၊ ကျွန်တော့်အိမ် အနောက်ဖက်သို့ ပျံသန်းလာခဲ့သော်လည်း လေဟုန်စီးနေချိန်အတွင်း အားအင်များ လျော့နည်းကာ ကျွန်တော့် မြင်းဇောင်းထဲ ရောက်ရှိလာခြင်းဖြစ်သည်။ သူပြုတ်ကျလာသည့်အချိန်တွင် တုန့်ပြန်ရန် အားပင် မရှိတော့သောကြောင့် ကျွန်တော့် ကောက်ရိုးပုံပေါ်သို့ အပေါ်ကို မျက်နှာမူကာ အပြားလိုက်လေး ပြုတ်ကျလာခဲ့ရသည်။

ထို့ကြောင့်ပင် သူ့တွင် ရှောင်ချိန်ပင် မရှိလိုက်ဘဲ တာ့ရွဲ့၏ ကန်ချက်ကို တည့်တည့်ပင် ခံရလိုက်သည်။ ထို့ကြောင့် အစတွင် အသိစိတ်ကပ်နေသေးသော သူသည် အကန်ခံလိုက်ရပြီးနောက် သတိလစ်သွားတော့သည်။

ခုနစ်ရက်ရှည်ကြာ/ ခုနှစ်ရက်ရှည်ကြာWhere stories live. Discover now