တတိယနေ့/တတိယနေ့

569 93 9
                                    

၁၅.

သမားတော်ကား ရှာရန်မခက်ခဲပေ။ အထူးသဖြင့် ရှန့်ကျွမ်းအိမ်တော်တွင်ဆိုလျှင် ဖမ်းလိုက်သည်နှင့် လက်တစ်ခုပ်စာ ပါလာစမြဲ။

ဤကျန်းဟုတွင်တော့ သမားကြီး၊ငယ်အား ပုံစံမျိုးစုံ တွေ့နေရပြီး ရှောင်ဟွာတော့ ၊ အာဖျံချီ ဆိုသော နာမည်များ ရှိကြလေသည်။ ရှန့်ကျွမ်းအိမ်တော်တွင်တော့ အစ်ကိုကြီး၏ မောင်းမတော် တစ်ယောက် ခေါင်းခဲလာပြီးဆိုလျှင်တောင် သမားတော်အုပ်ကြီး ပြေးလာကာ ပျားများကဲ့သို့ ပတ်ပတ်လည် ဝိုင်းထားကြလိမ့်မည်။

(TN : ရှောင်ဟွာတော့နှင့် အာဖျံချီသည် တရုတ်သမိုင်းတစ်လျှောက်တွင် နာမည်ကြီးသော သမားတော်များ ဖြစ်သည်။)

ကျွန်တော့်ခန္ဓာမှာတော့ အလွန်ပင် ကျန်းမာနေကာ ၊ ဒဏ်ရာကြီးကြီးမားမားလည်း မရဖူးသည့်အတွက် ရှန့်ကျွမ်းအိမ်တော်မှ ဆရာဝန်များ၏ ပညာကို စမ်းသပ်ခွင့်မရခဲ့။ ထိုကြောင့် တော်သည် ၊ မတော်သည်ကို ညွှန်းဆိုရန် ကျွန်ုပ်တွင်ကား အခွင့်မရှိချေ။

သို့ပေမဲ့ ပြောဆိုလျှင်တော့ ၊ နိုးလိုက်တိုင်း သွေးတွေကို သမားတော်ထံ အန်ထုတ်နေသည့် ဒဏ်ရာအပြင်းစားနှင့် ထိုပန်းသူခိုးအား မိန်းမလေးများကိုသာ ထိုင်ကြည့်ပေးနေသော ဆရာသမားထံခေါ်လာခြင်းသည် ....ဆေးကု ကျွမ်း၊မကျွမ်းကိုတော့ ကျွန်တော် စိတ်ပူမိသား။

ပြင်ပတွင်တော့ ကျွမ်းကျင်သမားတော်တို့ ရှိကြသော်လည်း ၊ ကျွန်ုပ် ၊ ရှန့်ဟုန်း ...ကျန်းဟုတစ်ခွင်တွင်တော့ ကောင်းကောင်း ၊ ဆိုးဆိုး ကြုံတွေ့ဖူးစမြဲပေ။ မည်သို့ ပြောနေစေကာမူ ...ကျွန်ုပ်လည်း ဂုဏ်သတင်းအနည်း ကျော်စောသေးသည်။

သို့သော်ငြား ယခုလက်ရှိ ရှန့်ကျွမ်းအိမ်တော်တွင်တော့ 'လေပြေတိုက်သွေး ၊ ကြိုးကြာခေါ်သေး ' အခြေအနေနှင့် မကောင်းသည့် စရိုက်နှင့် သမားတော်အား ခေါ်လာပြန်လျှင်လည်း ညီမအပေါ် တွေးတောရင်း တစ်စုံတစ်ယောက်၏ ဆန္ဒအား ဖျက်စီးကာ ဝံပုလွေအား အိမ်အတွင်း ဖိတ်ခေါ်သလို ဖြစ်ပေလိမ့်မည်။

(TN : wind sighing , crane calling - 'လေပြေတိုက်သွေး ၊ကြိုးကြာခေါ်သေး ' - အနည်းငယ်လှုပ်ရှားမိလျှင်ပင် ကြောက်ရွံ့နေကြ )

ခုနစ်ရက်ရှည်ကြာ/ ခုနှစ်ရက်ရှည်ကြာWhere stories live. Discover now