လေးရက်မြောက်နေ့/လေးရက်မြောက်နေ့

540 90 3
                                    

၂၂

အထူးကျွမ်းကျင်လှသည့် ဆေးဆရာတစ်ဦး၏ ခန့်မှန်းချက်များမှာ မှန်ကန်တိကျလှသည်။ နောက်တစ်နေ့မနက်ရောက်သည်နှင့် ရင်ချန်း၏မျက်လုံးများ ပွင့်လာပြီဖြစ်သည်။ ကျွန်တော်သူ့ကို ကောက်ရိုးထဲကဆွဲထုတ်ပြီး တာရွဲ့မကန်နိုင်မည့် နေရာသို့မရွေ့ခင်ပင် ကျွန်တော်တို့ မျက်လုံးချင်းဆုံမိကြလေသည်။

ဤသည်မှာ သူနှင့်ကျွန်တော် ပထမဆုံး ထိုအနေအထားနှင့် မျက်နှာချင်းဆိုင်မိခြင်းဖြစ်သည်။ ထိုတဒင်္ဂအတွင်း သူမှာ ပန်းသူခိုးတစ်ယောက်သာ ဖြစ်သော်လည်း ကိုယ်ခံပညာမနိမ့်ပါးကြောင်း သဘောပေါက်မိလေသည်။

သူ၏မျက်လုံးအစုံတို့မှလည်း ရေခဲတစ်မျှအေးစက်လှသော လူသတ်ငွေ့တို့ ထွက်ပေါ်နေပြီး ကျွန်တော်ပင်လျှင် ဦးခေါင်းထက်မှ ခြေဖျားတိုင် အေးခဲသွားမိလေသည်။

သူက ယမန်နေ့ကကဲ့သို့ စိတ်လိုက်မာန်ပါမပြုတော့သလို၊ ချက်ချင်းပါးစပ်ဟကာ ဆဲဆိုခြင်းများလဲ မလုပ်တော့ပေ။ သို့သော် သေစေလောက်သော အကြည့်တို့ဖြင့် ကျွနှ်ပ်အား ကြည့်နေသည်မှာ မျက်တောင်တစ်ချက်မျှပင်မခတ်၊ ဤသည်က ကျွန်တော့်အား အပြစ်ရှိသလို ခံစားရစေသည်။

အချိန်အတော်ကြာပြီး အဆုံးတွင်ဖြင့် သူသည် မူးမေ့စေလောက်သော အသံနေအသံထား၊ ကြောက်မခန်းလိလိ အေးစက်လှသော အသံနေအသံထားကြီးဖြင့် စကားတစ်ခွန်းဆိုလေသည်။

"လူယုတ်မာကောင်"

ကျွန်တော် အလိုအလျောက်ပင် အသံကျယ်ကျယ်ဖြင့် တုံ့ပြန်မိသည်။
"ဟဲ့!!!"

သူ့မျက်လုံးများက ရုတ်တရက် ပိုအေးစက်လာကြသည်။

ကျွန်တော်ကဖြင့် သူ့ပါးစပ်ကိုပင် ပိတ်ထိုးချင်စိတ်များ ဖြစ်ပေါ်လာတော့သည်။

၂၃

အရှက်ရသည်က အရှက်ရသည်တစ်ကြောင်း၊ လုပ်စရာရှိသည့်အလုပ်ကိုဖြင့် ပြီးပြတ်အောင်လုပ်ဖို့တော့လိုပေသည်။

ကျွန်တော်သူ့ကို အလျားလိုက်လေး မလာပြီး မြင်းဇောင်း၏ အခြားတစ်ဖက်တွင် ကျွန်တော်မကြာသေးခင်က ဖြန့်ခင်းခဲ့သည့် ဝတ်ရုံပေါ်သို့ ချပေးလိုက်သည်။  ကောက်ရိုးပုံလောက်တော့ ညက်ညောမှုမရှိပေမယ့် ကောင်းကောင်းဆိုးဆိုး သူ့ကို ရွှံ့ပြင်ပေါ်တွင် ဒီတိုင်းထားခြင်းထက်တော့
ပိုသာလိမ့်မည်။

ခုနစ်ရက်ရှည်ကြာ/ ခုနှစ်ရက်ရှည်ကြာWhere stories live. Discover now