ငါးရက်မြောက်နေ့/ငါးရက်မြောက်နေ့

394 68 5
                                    

်ူ၂၉

အကယ်၍ ဥူယန်းနှင့် ကျွန်တော် တရားမျှမျှတတ တိုက်ခိုက်လျှင် ကျွန်တော့်လက်တွင်ဥူယန်းရှုံးစေရန် အနည်းဆုံး အချီသုံးဆယ်လောက် တိုက်ရလိမ့်မည်။

သို့သော်ငြား ကျွန်တော်သူ့ကိုသတ်နိုင်ခဲ့လျှင်
ကျွန်တော့်အား ခွေးကျွေးပစ်ရန် ဆွဲထုတ်ကြလိမ့်မည်။

ထို့အပြင် သူသတ်တာခံရလျှင်လည်း ကျွန်တော့်အား ခွေးကျွေးပစ်ရန် ဆွဲထုတ်ကြဦးမည်ပင်။

လျှပ်တပြက်အတွင်းပင် အရာအားလုံး ပြောင်းလဲသွားလေသည်။ ရှန့်ပန်း၏ အော်ခေါ်သံက သူတို့နှစ်ဦး၏ရန်ပွဲအား တန့်သွားစေသည်။

"ဒုတိယအစ်ကို......၊ ကျွန်တော်အကိုပြောတဲ့အတိုင်း အဝတ်တွေယူလာခဲ့- *အံ့ဩ* ချီချီ... မင်းဘာလို့ဒီရောက်နေတာလဲ။"

(t/n: ချီချီမှာ ဥူယန်းချီအား အဖျားစွတ်ခေါ်ခြင်းဖြစ်သည်။)

သတ်ဖြတ်လိုစိတ် အရှိန်အဝါများမှာ ချက်ချင်း ပစ်မှတ်ပြောင်းသွားလေသည်။

"ဒီလိုပြောကြေးဆို ပန်းပန်းလည်း ဒီကိုရောက်လာတာပဲလေ......။"
ဥူယန်းမှာ အံကျိတ်သံဖြင့်ပြန်ပြောလေသည်။ ဒါကြောင့်ပင် ရှန့်ပန်းဆီမှလည်း လူသတ်ချင်စိတ်များ ထွက်ပေါ်လာတော့သည်။

ကျွန်တော် ဒီအခွင့်အရေးကို အပြည့်အဝယူပြီး ရှန့်ပန်းလက်ထဲမှ အဝတ်များကိုယူကာ ကောက်ရိုးပုံထဲသို့ ခုန်ဝင်လိုက်သည်။ ထို့နောက် ရင်ချန်းကို ဖက်လျက် ပေါက်စီကို ကိုယ်မှာဝှက်ခါ မြင်းဇောင်းအတွင်း ထိုနှစ်ဦးနှင့် လွတ်ရာကျွတ်ရာသို့ ခပ်သုတ်သုတ် ရွေ့ပြောင်းလိုက်သည်။

၃၀

ဥူယန်းနှင့် အကိုကြီးမှာ အလွန်ရင်းနှီးကြသည်။ ရှန့်ပန်းနဲ့ကလား.... မတည့်မရှိပါဘူး။ သူ့ကိုတွေ့လျှင်ပင် "ပန်းပန်းရေ~ ပန်းပန်း-" ဟူ၍ ချိုချိုသာသာခေါ်လေ့ရှိသည်။

ရှန့်ပန်းမှာလည်း ဘယ်သွားသွား လူချစ်လူခင်ပေါများလှသည်။ သို့သော် ဥူယန်းကိုတော့ သဘောတွေ့လှသည်မဟုတ်ပေမယ့် ထိုသူကို တွေ့သည်နှင့် "ချီချီရေ~ ချီချီ-" ဟူ၍ နူးနူးညံ့ညံ့လေး ပြောဆိုလေ့ရှိသည်။

ခုနစ်ရက်ရှည်ကြာ/ ခုနှစ်ရက်ရှည်ကြာWhere stories live. Discover now