အခန်း (၁) အန်ဒိုခိုင်း

42.1K 2.3K 14
                                    

Zawgyi

"Ouch... ရှင့်အပြုအမူတွေကို သေချာဂရုစိုက်သင့်ပြီ မထင်ဘူးလား Bob... ကျွန်မလို နူးညံ့တဲ့အမျိုးသမီးတစ်ယောက်ကို နာကြင်စေတယ်ဆိုတာ လူကြီးလူကောင်းဆန်တာမဟုတ်ဘူးနော်..."

BoB:"..."

"အခုဘယ်ကို ပို့မှာလဲ??? မြန်မြန်လုပ်ပြီး အချက်အလက်တွေ ပေးစမ်းတော့ Bob..."

Bob: "..."

ငါ့ခေါင်းထဲက ရူးကြောင်ကြောင်အသံဟာ ငါ့စိတ်ထဲကို အချက်အလက်တွေလွှဲမပေးခင်မှာ သက်ပြင်းကို အသာချလိုက်လေတယ်... ဒီဇာတ်လမ်းရဲ့အဓိက ဇာတ်လိုက်ဟာ မာ့ခ်ဝေါ်လ်တာဖြစ်ပြီး သူ့ဘာသာကြိုးစားပြီး ချမ်းသာလာတဲ့ အိမ်ခြံမြေဈေးကွက်ရဲ့ဂုဏ်သတင်းကျော်ဇောလှတဲ့ မီလျံနာတစ်ဦးဖြစ်လေတယ်...

ဒီလူဟာ နယူးယောက်ခ်မြို့တော်ရဲ့ အန္တရာယ်အများဆုံးနဲ့ အဆင်းရဲဆုံးနေရာမှာ မွေးဖွားခဲ့တာဖြစ်ပြီး သူ့အသက် ၁၀နှစ်မှာ သူ့မိဘ နှစ်ပါးလုံးဟာ ယာဉ်တိုက်မှုကြောင့် အသက်ဆုံးရှုံးသွားလေတာကြောင့် သူ့ဘ၀ဟာ မိဘမဲ့တစ်ယောက်ဖြစ်လာခဲ့လေတယ်... ရှစ်နှစ်ကြာကာလကြာပြီး ၁၈နှစ်မပြည့်ခင်အထိ သူဟာ မွေးစားမိဘတွေနဲ့အတူနေထိုင်ခဲ့ရလေတယ်... မွေးစားမိဘတွေဟာ သူ့ကို တစ်ခါမှကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့ခြင်းမရှိတာကြောင့် မာ့ခ်ဟာ ဘယ်တုန်းကမှ ဒီလူတွေ သူ့ကို လိုလားစွာ ဆက်ဆံတယ်လို့ မခံစားရလေဘူး...

ခါးသီးလှတဲ့အမှန်တရားဟာတော့ ဒီမွေးစားမိဘတွေဟာ အစိုးရရဲ့ထောက်ပံ့ကြေးကို ရယူနိုင်ဖို့ရာ သူ့ကို ဗန်းပြပြီး မွေးစားခဲ့ခြင်းဖြစ်လေတယ်... ဒါကြောင့်သာလျှင် ငယ်ရွယ်တဲ့အသက်အရွယ်မှာတင် မာ့ခ်ဟာ လူတွေရဲ့ ငွေကြေးအပေါ်ထားတဲ့ လောဘစိတ်ကို နားလည်ခဲ့ရလေတယ်... အချို့အကြောင်းအရာတွေအတွက် ဒီဝင်ငွေကို သူ မနှစ်မြို့နေတဲ့တစ်ဖက်မှာ ဒီပိုက်ဆံဆိုတဲ့အရာဟာ ကမ္ဘာပေါ်မှာ အရေးပါတဲ့အရာမှန်းလဲ သူသိနေလေတယ်...

မာ့ခ်ဝေါ်လ်တာဟာ ရည်မှန်းချက်မြင့်မားစွာ ကြီးပြင်းလာခဲ့လေတော့တယ်... လူ့ဘောင်အဖွဲ့အစည်းရဲ့လေးစားမှုနဲ့ ကမ္ဘာ့ထိပ်တန်းတစ်ဦးဖြစ်လာဖို့ ဆိုတဲ့ကတိကို သူ့ကိုယ်သူပေးအပ်ကျိန်ဆိုခဲ့လေတယ်... သူ့ရဲ့ မွေးစားမိဘတွေအပေါ် မှီခိုစရာအကြောင်းတော့ သူ့မှာမရှိလေဘူး... များစွာသော အလုပ်ပေါင်းများစွာကိုသာ ကြိုးစားပမ်းစားလုပ်ကိုင်ရင်း ဒုတိယတန်းစား တက္ကသိုလ်တစ်ခုမှာ ပညာသင်ကြားနိုင်ဖို့ရာ သူဆောင်ရွက်လေတော့တယ်...

3. ဒုတိယ ဇာတ်လိုက်အားရွေးချယ်ခြင်း ARC-2 (အန်ဒိုခိုင်း)Tahanan ng mga kuwento. Tumuklas ngayon