"Present day....."
-
-
-ရှုပ်ထွေး စည်ကားလှတဲ့ ရန်ကုန်မြို့ပြကြီး ရဲ့ အလယ် မှာ လူတိုင်းအလိုလို ဘဝရဲ့ရည်မှန်းချက်တွေ အိမ်မက်တွေ ကို တင်းကျပ်စွာ ဆုပ်ကိုင်ပြီး ရုန်းကန် လှုပ်ရှား နေကြတယ်...။ အဲထဲမှာလဲ Honey အပါအဝင် ပေါ့....။
"ဩော်... ဘာလိုလို နဲ့ ၅နာရီတောင်ခွဲပြီပဲ...။"
နှုတ်ကနေ တိတ်တဆိတ်လေး ထွက်သွားမိတယ်၊"Honeyရေ... အစ်မအရင်ရုံးဆင်းနှင့်မယ်နော်...
ဒီနေ့က အစ်မ ရဲ့အိမ်ထောင်သက် ၁၀နှစ်ပြည့် anniversary လေ... အိမ်စောစောပြန်ပြီး သူကြိုက်တတ်တဲ့ ဟင်းလေးတွေချက်ကျွေးချင်လို့...""wow...အစ်မ happy anniversary ပါအစ်မ ရေ...နောက်လဲအခုလိုပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်သန်းနိုင်ပါစေ အစ်မ..."
"ပေးတဲ့ဆုနဲ့ ပြည့်ပါစေ ညီမလေးရေ...
ကဲ...အစ်မ သွားခေါ်မယ်... weekend မှာပျော်ပါစေ ငါ့ညီမ ရေ......"Honey ရဲ့ ရုံးဆင်းချိန် က တစ်ခါတစ်လေ အထီးကျန်ဆန် တယ် ၊ဒီနေ့တော့ရုံးစောစောဆင်းမိတာနဲ့ ရန်ကုန်မြို့ကြီးရဲ့ နေဝင် ချိန် ကိုကျွန်မ ခံစားမိတော့တယ်၊ အမြဲတမ်းမဟုတ်ပေမယ့် တစ်ခါတစ်လေ ရုံးဆင်းရတာနောက်ကျလို့ နေမင်းကြီး အိပ်ပျော်သွားတာနဲ့ ကြုံ ရတယ်...၊
အခုတော့ နေမင်းကြီး ကို good night လို့ပြောခွင့်ကြုံပြီ....၊ ဆူးလေ ဂုံးတံတားပေါ်တက်ရင်း မဖူးရတာ ကြာပြီ ဖြစ်တဲ့ ဆူးလေ ဘုရား ကို စိတ်မှာ အာရုံ ပြု လိုက်တယ်..၊
နေဝင်ချိန် ကို ကြည့်ရင်း အတွေးပေါင်းစုံ ခေါင်းထဲ ဝင်လာတယ် ၊ မကြာသေးမီ က ရည်းစား နဲ့ ပျက်သွားတဲ့ အကြောင်းကို ရုတ်တစ်ရက် အတွေးထဲ ဝင်လာတယ်...၊
ပြီးခဲ့တာတွေပြီးခဲ့ပြီ...လွမ်းလဲမနေချင်တော့ဘူး...Honey တို့လမ်းခွဲခဲ့ပေမယ့်...ရင်ထဲ အဲလောက်မခံစားရဘူး....ရုတ်တစ်ရက် billboard ပေါ်မှာပြထားတဲ့ fashion runway ပုံကြည့်ရင်း....
ဩော်... fashion designer ဖြစ်ချင်တဲ့ Honey တစ်ယောက် အခုတော့... office staff လုပ်နေရပြီ... လူတွေဟာ အသက်ကြီးလာတာနှင့်အမျှ ငယ်ဘဝ က အတွေးလို မရိုးရှင်းကြတော့ဘူး....
ဖြစ်ချင်ထက် ဖြစ်သင့်တာကို ဦးစားပေး ရပြီ...
တစ်ခါတစ်လေ ငယ်ဘဝကို တမ်းတ မိ တယ်..."အွန်..."
ဟင် ဘော လုံးလေး....၊ "မမ အဲဒါ သား ဘောလုံး..."၊
Honey ခြေထောက်နားကို လာထိတဲ့ ဘော လုံး လေ ကို ကောက် ကိုင်ပြီး..."ရော့...သားသား ဘောလုံးလေး..."၊ "ကျေးဇူးပါ..မမ.."၊
လို့ရှေ့သွားလေးနှစ်ချောင်းကျိုးနေသော်လဲပြုံးပြတဲ့ကလေး...၊အေးချမ်းပြီး ဖြူစင်တဲ့အပြုံး...။"သား သတိထားဆော့နော်... တံတားပေါ်မှာ မဆော့နဲ့ ပြီးတော့ကားတွေရှင်းတဲ့နေရာမှာဆော့..."
လို့ ပြုံးပြီးပြောလိုက်တယ်.. ၊ ကလေး က သူဘောလုံးလေးယူပြီး သူ့အမေ ရှိရာ ကိုပြေးသွားတယ်....၊ အဲအချိန်.... အဲဒီအခိုက်အတန့် လူတစ်ဦး Honeyဘေးက ဖြတ်သွားတယ်...၊ Honey ခဏ ရပ်တန့်သွားတယ်...၊Honey ရဲ့ ငယ်ဘဝ....အတိတ်....အဲလူ လက်ထဲက...
" Jo Jo ယို ဘူး....." လို့ Honey နှုတ်ကအမှတ်တမဲ့ ထွက်သွားတယ်...၊
အဲလူ ရုတ်တစ်ရက် ရပ်သွားပြီး...Honey ကိုလှည့်ကြည့်တယ်.....အဲအချိန် Honey ရင်ထဲ ဗလောင်ဆူသွားတယ်.....ရုတ်တစ်ရက် မျက်ရည် ကျရလောက်အောင် လွမ်းဆွတ်မှု နာကျင်မှုတွေ ဖြစ်ရပြီ.... Honey ရဲ့အတိတ်ဟောင်း....
အမှတ်တရဟောင်း....ဒဏ်ရာဟောင်း.......ပြီးတော့....ငြိမ်သက်နေပြီး မခုန်တာကြာတော့တဲ့ ရင်ခုန်သံလေး....အခုသူ့ပိုင်ရှင် တွေ့သွားသလို ဆောက်တည်ရာမရ ခုန်နေပြီ.........Honey ရဲ့ အချစ်ဦး.......အချစ်ရဆုံးသူ.....
ရင်ခုန်သံကိုအပိုင် စိုးမိုးတဲ့သူ............၊".....သူမ......"
YOU ARE READING
Butterfly
RomanceHoney ဆိုတဲ့ ကောင်မလေး က တစ်နေ့မှာ Supermarket မှာ ယိုဘူးဝယ် ရင်းနဲ့ မထင်မှတ်ဘဲ သူ့နဲ့ ပြိုင်ဝယ် တဲ့ ကောင်မလေး တစ်ယောက် နဲ့ ဆုံမိ ပါတယ် ။ Honey က အဲကောင်မလေး ကို အဲ ထဲ က သူ့ဘဝမှာ တစ်ခါမှ မမုန်းဘူးတဲ့ အမုန်းမျိုး နဲ့ မုန်းမိကာမှ အမုန်း ကနေ အချစ် ဖစ်...