"ချွမ်......"
ရုတ်တစ်ရက် phone က လာတဲ့အသံကြောင့်
ကျနော် လှမ်းကြည့်လိုက်တယ်...။"ဟဲ့...Kaung.."
"Honey???....နင်မအိပ်သေးဘူးလား မနက်ဖြန် ကျောင်းတက်ရတော့မှာနော်...."
"ငါအိပ်မပျာ်လို့....ဟ ၊ပြီးတော့ ငါတို့ ငါမနက်ဖြန် တရားဝင် ၁၀ တန်းကျောင်းဘဝကိုရောက်ပြီနော်...
အရင်လို ပျော်လို့လဲ မရတော့ဘူး...
တွေ့လို့လဲမရတော့ဘူး....""နင် ကလဲ ကြံဖန် တွေးနေပြန်ပြီ... ငါတို့ မနက်ဖြန် တွေ့ရမှာဘဲကို...လျှောက်တွေးမနေနဲ့ အိပ်တော့.."
"ငါလေ.....ဟိုတစ်ယောက် ကို မနက်ဖြန် ကျောင်းမှာ တွေ့ရမှာဆိုတဲ့အတွေးနဲ့....စိတ်ရှုပ်တယ်....
အဲကောင်မ ကို...""နင်က လဲဟာ ကိုယ်လဲကိုယ့်ဘာသာနေပေါ့....
တစ်ကယ်လို့နင့်ကိုရန်လာစရင် ငါရှိတယ်...
ငါနင့်ရှေ့မှာရှိတယ် စိတ်မပူနဲ့ ငါကာကွယ်မယ်...""အမလေး
ဟုတ်ပါပြီ...သူရဲကောင်းသူငယ်ချင်းကြီးရဲ့....."
"အာ....အွန်း...ဟုတ်ပါပြီ...."နင့် ဘက် က သူငယ်ချင်းသံယောဇဉ် ထားနိုင်ပေမယ့် ငါမထားနိုင်ခဲ့ဘူး Honey ရယ်...။
"အဲဒါဆို ငါအိပ်တော့မယ် Kaung....မနက်ကျောင်းမှာတွေ့မယ်...."
"အော် အေး good night... "
ငါနင့်အပေါ်သူငယ်ချင်းသံယောဇဉ်မထားနိုင်ခဲ့ဘူး
Honey ရယ်...။ငါ နင့်ကို ငယ်ငယ်ကတည်း က crush ခဲ့တာ ငါနင့်ကို တက္ကသိုလ်ရင်ဖွင့်ပြောမယ်လို့စိတ်ကူးထားတယ်..။
နင့်က ငါ့အတွက်တော့ အချစ်ဦးပါ....။
-
-
-
-
-
-
-
နေမင်းကြီးက တဖြည်းဖြည်းနိုးထလာပြီ....၊ကျေးဌက် အပေါင်းကလဲ မနက်ခင်းလင်းရောင်ခြည်ကို အဖော်ပြုပြီးအစာရှာထွက်လာကြပြီ....၊
ဝသန်ကာလမို့ ပတ်ဝန်းကျင်မှာရှိတဲ့ အရာရာ တိုင်းက စိမ်းစိုလန်းဆန်းနေတယ်....၊ လေနုအေးတွေက လဲ ခြောက်သွေ့မနေဘဲ တစ်ခါတစ်လေ ရေစက်ကလေးတွေ မျက်နှာပေါ်လာထိသလား ထင်ရလောက်အောင် အေးမြလတ်ဆတ်လွန်းတယ်...။ မနက်လင်းရောင်ခြည် တဖြည်းဖြည်းလင်းလာ ပြီ....ကျေးဌက်သာမက သက်ရှိမှန်သမျှ နိုးထလာလာပြီး နေ့စဉ် ဘဝ လှုပ်ရှားမှုလုပ်ငန်း စတင်ဖို့ အသင့်ဖြစ်နေကြပြီ......။
YOU ARE READING
Butterfly
RomanceHoney ဆိုတဲ့ ကောင်မလေး က တစ်နေ့မှာ Supermarket မှာ ယိုဘူးဝယ် ရင်းနဲ့ မထင်မှတ်ဘဲ သူ့နဲ့ ပြိုင်ဝယ် တဲ့ ကောင်မလေး တစ်ယောက် နဲ့ ဆုံမိ ပါတယ် ။ Honey က အဲကောင်မလေး ကို အဲ ထဲ က သူ့ဘဝမှာ တစ်ခါမှ မမုန်းဘူးတဲ့ အမုန်းမျိုး နဲ့ မုန်းမိကာမှ အမုန်း ကနေ အချစ် ဖစ်...