-
-
-
"ကလင်...ကလင်...ကလင်......""....အင်..."
အိမ်ရှေ့မှ bellသံကြောင့် Honey နိုးလာတယ်...၊စားပွဲခုံပေါ်လေးမှာ ဒိုင်ယာရီ စာအုပ်လေးပေါ်
အိပ်ပျော်မိသွားတာပဲ....၊
"အင်...ညနေခင်းတောင်ရောက်သွားပြီပဲ...."
ညနေ ၅နာရီခွဲအချိန်လောက်...ပုဇွန်ဆီရောင်ကောင်းကင် ကြီးကိုငေးကြည့်မိလေတယ်....။"ကောင်းကင်ကြီး ကအရမ်းလှတာပဲ....."
"Bell သံကြားတယ် ဘယ်သူလဲမသိဘူး..."
Honey အသိပြန်ဝင်လာပြီး အောက်ဆင်းကြည့်လိုက်တယ်....။
မားမား ကတော့ ရီရီမောမော နဲ့ ပြုံးချိုပြီးပြောနေလိုက်တာ ဘယ်သူလဲမသိဘူး...၊
Honey တံခါး နားကပ်ပြီး ဘယ်သူလဲဆိုတာ ကြည့် လိုက်မိတယ်....။
....ခုန က သာယာမိတဲ့အတွေးတွေပျောက်သွားပြီး...ပုဇွန် ဆီရောင်ကောင်းကင်တောင် ငရဲမီး ခဲတွေ မိုးပေါ်ကနေ ကျလာသလား လို့တောင် စိတ်မှာ ထင်မိအောင် ဒေါသတွေ တထောင်းထောင်း ထွက်မိတယ်.....။".....Hi...Honey....."
ဟင်.... သူ...သူ....၊ ငါ့ကိုတွေ့တာတောင် အံ့ဩတဲ့ပုံလဲမပုံဘူး...အခုမှသိတဲ့လူပုံစံအတိုင်း...။
နှုတ်ဆက်လိုက်ပြီးရုတ်တစ်ရက်...
ကွေးညွှတ်ပြီး ပြုံးလာတဲ့ နှုတ်ခမ်း.....၊ ရိုးသားသဘောကောင်းချင်ယောင်ဆောင်တဲ့အဲ အပြုံး....။"အမ်.....ငါ့ကိုမမှတ်မိတဲ့ပုံ...."၊ငါ့ကိုမသိတော့ဘူးလား...ဒါမှမဟုတ်မသိချင်ယောင်ဆောင်တာလား...ခေါင်းပဲမကောင်းတာလား..."
"ခုလေးပဲသမီးအကြောင်းပြောနေတာ....
မားမား မှန်းတဲ့အတိုင်း သမီးနဲ့အသက်တူပဲ...
Hnin Thet Wai တဲ့....""Hnin...လို့ပဲခေါ်ပါ အန်တီ...ရင်းရင်းနှီးနှီးပေါ့..."
"...စောက်ပိုတွေ....."
"ဟဲ့..နင့်ကိုယ်နင်မိတ်ဆက်လိုက်လေ..."
သက်ပြင်းကို အကြာ ကြီး ချပြီးမှ တစ်လုံးချင်းပြောလိုက်တယ်....။
"H O N E Y .... O O...."
"ဟဲ့...ဘာဖြစ်နေတာလဲ ကောင်းကောင်းမွန် မွန် ပြောစမ်း..."
"ခုန မှ အိပ်ရာ က ထ လာလို့ပါ..."
"ရပါတယ်...အန်တီရယ်....မရင်းနှီး သေးလို့နေမှာပါ...."
"လာပြန်ပြီ...ဒီအပြုံး.....အဲအပြုံးနဲ့ပဲ လူတွေကိုသိမ်းသွင်းနေတာလားမသိဘူး...."
"Hnin ရယ်...စိတ်သဘောထားကောင်း လိုက်တာ.... Honey နဲ့များတခြားဆီ....
"မားနော်!!!!!....."
"မား ဘာသိလို့ လဲ...အဲကောင်မ ဟန်ဆောင်နေတာ...."
"အပေါ်တက်ပြန်တက်တော့မယ်..." လို့ပြောပြီး...
သူ့ကိုစေ့စေ့ကြည့်လိုက်တယ်....၊ သူမ ရဲ့ နောက်ခံ ကပုဇွန်ဆီရောင်ကောင်းကင်ကြောင့်....
သူမ ယဉ်သက်ရှူမောလောက်အောင်လှနေပါတယ်.....၊ဒါပေမယ့်..
.အဲအလှတရားက သူ့စိတ်သဘောထားကို ကြာကြာ ဖုံးထားနိုင်မလား ကြည့်ရသေးတာပေါ့...
-
-
-
"ဟား...ဟား....ဟား...... " နင့် ဇာတ်လမ်းက လဲ ဟယ် Honey ရယ်...."" မရီ နဲ့ Nay Yee...ငါတော်တော်တင်းနေတာ...
အဲကောင်မ ကို....""နင်ကလဲဟယ်...ကလေးကလားဆန်လိုက်တာ...
အဲလောက်လေး ကို..""အဲလောက်လေး ပေမယ့်...ခံလိုက်ရတာ အလုံးလိုက်ကြီးဟ...."
"အေးပါ....အလုံးကြီးကို....ကျအောင်ချလိုက်...."
"ချ မှာ....ဒါပေမယ့် ဒီအတိုင်းတော့မဟုတ်ဘူး...သူ့ကို ငါ ပညာ ပြန်ပြ မှာ...."
"Nay Yee...သူ ငါတို့ကျောင်းပြောင်းလာမယ်ထင်တယ်ဟ...."
"ဟုတ်လား....၊သူ တော်တော် လှတယ်ဆို....
ဟိုကောင်တွေ ပြောသံကို ကြားတယ်....""ဘယ်ကောင်တွေလဲ..."
"ဘယ်သူရှိရမလဲ..... ကောင်းဆက်တို့ပေါ့..."
"အဲကောင်တွေ က ကောင်မလေး နဲ နဲ ချော ရင် တောင် ဘူးတဲ့ကောင်တွေ....."
"ပြီးတော့လေ...ညနေကလဲသူ့ကိုတွေ့လိုက်တယ်.... သေတ္တာဆွဲပြီး အိမ်ထဲမှာ ပစ္စည်းတွေချနေတာ...
မဆိုးပါဘူး...ရုပ်လေးတော့ချောပါတယ်....၊
ဒါပေမယ့်....နင့် ကို မမှီပါဘူး... Honey ရယ်...""မသိတော့ဘူး....Nay Yee ရာ ....ငါသူ့ကို ပညာပြန်ပြချင်တာပဲ...."
"အေးပါ....နင်သဘောပါ...."
"ငါ နင့်ကို တစ်ကယ် ပညာပြန်ပြ မှာ....နင့်ကို ဒီအတိုင်းမထားဘူး....Hnin Thet Wai...."
YOU ARE READING
Butterfly
RomanceHoney ဆိုတဲ့ ကောင်မလေး က တစ်နေ့မှာ Supermarket မှာ ယိုဘူးဝယ် ရင်းနဲ့ မထင်မှတ်ဘဲ သူ့နဲ့ ပြိုင်ဝယ် တဲ့ ကောင်မလေး တစ်ယောက် နဲ့ ဆုံမိ ပါတယ် ။ Honey က အဲကောင်မလေး ကို အဲ ထဲ က သူ့ဘဝမှာ တစ်ခါမှ မမုန်းဘူးတဲ့ အမုန်းမျိုး နဲ့ မုန်းမိကာမှ အမုန်း ကနေ အချစ် ဖစ်...