Chapter 7

325 21 0
                                    

-
-
-
-

"ဟဲ့..ဟဲ့...နင်ကြားပြီးပြီလား....senior တန်း      Bခန်း က Hnin ဆိုတဲ့ တစ်ယောက် လေ...
ငါတို့ C ခန်း ထဲက တစ်ယောက် နဲ့ တွဲနေပြန်တယ် တဲ့...."

"ဟယ်...ဟုတ်လား...ဟိုတစ်လောက မှ A ခန်းက တစ်ယောက်နဲ့ တွဲတာမလား..."

"ဟုတ်လား....တစ်ယောက်ပြီးတစ်ယောက်ပဲ...

"ဟုတ်ပ...ရုပ်ကလေးချောသလောက် တော်တော် အောလီဆန် တယ်..."

ကျောင်းတက်တာ ၁ လရှိပြီ ၊ Hnin ရဲ့ လုပ်ပုံတွေကလဲ လူတိုင်းပြောစရာ တွေ ဖြစ်ကုန်ပြီ၊
မုန့်စားဆင်းချိန်တိုင်းမှာ သူအတန်းထဲ မှာရော ၊ မုန့်ဈေးတန်းမှာပါ ရှိမနေဘူး ၊ ကောင်လေးတိုင်း သူနဲ့ တွဲ ချင်ကြတယ် ၊ သူကလဲ ထည်လဲ တွဲတယ် ၊ တစ်ယောက်ပြီးတစ်ယောက်.....
ဒါပေမယ့်...သူကိုကြည့်ရတာ ကျောက်ရုပ်လိုပဲ
ပျော်တာလဲ မတွေ့ရသလို ဝမ်းနည်းတာလဲ မတွေ့ရဘူး ၊ တစ်ခါတစ်လေ လဲ အတန်းထဲမှာ မရှိဘူး... ၊ Honey အိမ် နဲ့ သူအိမ်နဲ့ က မျက်နှာချင်းဆိုင် ၊ ပြီးတော့ Honey  အခန်းကနေ သူ့အခန်းကို မြင်ရတယ် ၊ သူ့အခန်း အမြဲအမှောင်ချထားတယ် ၊ တစ်ခါတစ်လေ ညဘက်ကြီး တစ်ယောက်တည်းလဲ ထွက်သွားတတ်တယ် ၊ ညနက် လောက်မှ ပြန်လာတယ် သူ ဘာတွေလုပ်နေလဲ နားမလည်တော့ဘူး ။
-
-
-
-
-

"Nay Yee ခဏ...ငါ အတန်း ထဲ မှာ ဘောပင်အိတ် ကျန်ခဲ့လို့ ပြန်ယူလိုက်ဦးမယ် နင် ပြန် နှင့်လိုက်တော့...."

"အေး...ငါလဲလိုက်စောင့်ပေးချင်ပါတယ်...ဒါပေမယ့်..ငါသွားစရာ ရှိလို့...."

"အေး ရပါတယ် Nay Yee မနက်ဖြန် မှ တွေ့ကြတာပေါ့..."

ကျောင်းသားတွေ အားလုံးပြန်ကုန်ပြီ ၊ စာသင်ခန်း ထဲမှာ လဲတစ်ယောက်မှ မရှိတော့ဘူး ၊ တိတ်ဆိတ် ပြီး အပ်ကျသံတောင် မကြားရဘူး.။

"အမလေး....တစ်ခါမှ ကျောင်းမှာ ဘယ်သူမှမရှိတဲ့အချိန် ထိ မဝင်ဘူးဘူး...
တိတ်ဆိတ်နေတာဘဲ ကြောက်စရာ ကြီး.....
ညကလဲ....သရဲစာအုပ်ဖတ်ထားတော့.....
Honey!!!!.....လျှောက်မတွေးနဲ့ ဘောပင်အိတ်ယူပြီးလစ်တော့...."

"...."

"ဟင်.....ဘာသံလဲ....ခြေသံလား..."
"အယ်!!!!!!!......တစ်ကယ်ကြီးခြေသံလား.....
ဒါမှမဟုတ်ငါပဲ အတွေးလွန်တာလား......သရဲခြောက်တာလား....
အမေရေ!!!!......"

Butterfly Where stories live. Discover now