-
-
-Nay Yee နဲ့ Honey နဲ့က
ငယ်ငယ်ကတည်းက သူငယ်ချင်းတွေပါ ၊
သူငယ်ချင်းတော့ သူငယ်ချင်းပဲ ဒါပေမယ့်...
Honey အပေါ် သူငယ်ချင်းဆိုတာထက်
ပိုတယ်ဆိုတာတော့ ဝန်ခံပါတယ်....။အဲဒီ ခံစားချက်ကြီးက မကောင်းမှန်းလဲ
သိပါတယ် သူငယ်ချင်း အပေါ် အထူးသဖြင့်
မိန်းကလေးချင်းကြိုက်တယ်ဆိုတာ....
ဒါပေမယ့်လဲ....."ငါနင့်ကို သဘောကျတယ်...Honey
သူငယ်ချင်းထက်ပိုတဲ့.......
ချစ်သူတစ်ယောက်လို....
ငါနင့်အနားမှာပဲနေချင်မိတယ်....
အဲဒါက ငါ့ကို...
နာကျင်စေမယ်ဆိုရင်တောင်ပေါ့...."
-
-
-
-
-
-Honey နင်ထီးပါလား..."
"အေး...ပါတယ်..."
"ငါ့ အဖေ က ဒီနေ့အဘွားဆီသွားမှာမလို့ လာခေါ်မယ် တဲ့...sorry ဟာ နင် နဲ့ အတူ
မပြန်နိုင်တာ...""ရပါတယ်...ငါလဲထီးပါတာပဲကို...."
"အေး....အဲဒါဆို ငါသွားပြီ...တာ့တာ"
-
-
-
-
Honey တစ်ယောက် ဒီမိုးနဲ့
တစ်ယောက်တည်းပြန်လို့ဖြစ်ရဲ့လား လို့
တွေးပူနေမိတယ်...၊ဒါပေမယ့်လဲ သူ့အမေလာကြိုလိမ့်မှာပါ အဆင်ပြေမှာလို့ ဖြေသိမ့်လိုက်ရတယ် ။"ဝေါ!!!!!!!!!!....."
"ဟင်...အရှေ့မှာ Honey ရဲ့အမေပါလား.."
"အန်တီ!!!."
"ဟယ်.. သမီး!! "
"ဟုတ် အန်တီ...သမီးအဖေတို့နဲ့ အဖွားအိမ်သွားမလို့. ."
"ဟုတ်လား.. အန်တီ လဲ ဝယ်စရာရှိလို့ထွက်ဝယ်တာ မိုး နဲ့တိုး တာပဲ ၊
ဟယ်...အဲဒါဆို!!!...""ဘာဖြစ်လို့လဲ အန်တီ?."
"Honey အိမ်မှာထီးကျန်ခဲ့တယ်..၊ အန်တီလဲ
မိုးရွာတော့မှ သူအိမ်မှာ ထီးကျန်ခဲ့တာကိုမှတ်မိတာ ၊ သမီးနဲ့ အတူတူ ပြန် မယ်
ထင်နေတာ""ရှင်!!!!...."
" မဖြစ်ဘူး ပြန်သွားရမယ်...ဒီလောက်မိုးတွေ
လေတွေနဲ့....သူဘယ်လိုပြန်မှာလဲ..."
YOU ARE READING
Butterfly
RomanceHoney ဆိုတဲ့ ကောင်မလေး က တစ်နေ့မှာ Supermarket မှာ ယိုဘူးဝယ် ရင်းနဲ့ မထင်မှတ်ဘဲ သူ့နဲ့ ပြိုင်ဝယ် တဲ့ ကောင်မလေး တစ်ယောက် နဲ့ ဆုံမိ ပါတယ် ။ Honey က အဲကောင်မလေး ကို အဲ ထဲ က သူ့ဘဝမှာ တစ်ခါမှ မမုန်းဘူးတဲ့ အမုန်းမျိုး နဲ့ မုန်းမိကာမှ အမုန်း ကနေ အချစ် ဖစ်...