နက်ရှိုင်းသော...(2)

795 75 30
                                    


မြူနှင်းစက်သျှန်လည်း မိမိအခန်းသို့ ပြန်ကာ ရေချိုး အဝတ်အစားလဲပြီး သဒ္ဒါထက်သျှန်ကို ခေါ်၍ ပြိုင်ကားလေးဖြင့် ကျောင်းသို့ ချီတက်လာခဲ့သည်။

"နင် uniform ကို ဘာလို့ ငါတို့ဟာ ဝတ်လာပြန်တာလဲ"

"ငါကြိုက်တာ ငါဝတ်တာပဲ
ဘယ်သူ့ဂရုစိုက်ရမှာလဲ"

သဒ္ဒါထက်သျှန်မှာ မိန်းကလေးဟု ဆိုသော်ငြားလည်း ကျောင်း uniformကိုမူ ယောက်ျားလေး uniformကိုသာ ဝတ်ဆင်၏။

ဆရာ ဆရာမ များကလည်း ပြောရင်း ပြောရင်း မနိုင်၍ လွှတ်ထားကြတော့သည်။

မြူနှင်းစက်သျှန်နှင့် သဒ္ဒါထက်သျှန်မှာ မောင်နှမနှင့်မတူဘဲ ညီအစ်ကိုနှင့်တူနေသည်။

အနောက်ဖက်မှ ကြည့်လျှင် ခွဲမရ။

သို့သော် သဒ္ဒါထက်သျှန်က မြူနှင်းစက်သျှန်ထက် အရပ် မဆိုစလောက်လေး ရှည်၏။

သဒ္ဒါထက်သျှန်၏ အရပ်က ၅'၆" ရှိပြီး မြူနှင်းစက်သျှန်က ၅'၄"သာ ရှိ၏။

သဒ္ဒါထက်သျှန်က ဆံပင်အလယ်ခွဲကို ကာလာစုံ ပြောင်းပြီး မြူနှင်းစက်သျှန်ကတော့ နဂို အနီဖက်သန်းသည့် ဆံပင် ကိုသာ ခပ်ဖွာဖွာလေး ဖွကာ အလယ်ခွဲထား၏။

နှစ်ယောက်စလုံးက ရှမ်း/တရုတ်စပ်မို့ အသားအရေမှာ ဖွေးစွတ်နေ၏။

နေပူသည့်နေ့များဆို ပါးပြင်တစ်ခုလုံး ပန်းရောင်မှ အနီရောင်သို့ ပြောင်းကာ နီရဲလို့။

သဒ္ဒါထက်သျှန်မှာ အနည်းငယ် v-shapeကျသော မေးရိုးရှိပြီး မျက်ခုံးကောင်း၏။

မြူနှင်းစက်သျှန်မှာတော့ မျက်နှာ အနည်းငယ် ဝိုင်းပြီး မျက်ခုံး ပါးပါးသာရှိ၏။

ထို့ပြင် မြူနှင်းစက်သျှန်၏ နှုတ်ခမ်းပါးပါးထက် ထောင့်နားတွင် မှဲ့နက်လေးတစ်လုံး ရှိ၏။

နှာခေါင်း လုံးလုံး..

အညိုရောင် မျက်ဆံရှိပြီး မျက်ရစ်မရှိသော မျက်လုံး မှေးမှေးလေးများ..

နှုတ်ခမ်းပါးပါးလေးများကတော့ အတူတူပင်...

သဒ္ဒါထက်သျှန်က အပြောအဆိုတတ်ပြီး အနည်းငယ် ကြမ်းတမ်းသည့်စရိုက်ရှိသော်လည်း ကူညီတတ်သူမို့ အပေါင်းအသင်းများ၏။

DEEPWhere stories live. Discover now