နက်ရှိုင်းသော... (3)

565 55 6
                                    

မြူနှင်းစက်သျှန် ညနေစာ ပြင်နေစဉ် သဒ္ဒါထက်သျှန်တစ်ယောက် အိမ်ပေါ်မှ ဝရုန်းသုန်းကားပြေးဆင်းလာ၏။

"ထက် ဘာမှမစားတော့ဘူးလား"

"မစားတော့ဘူး နောက်ကျနေပြီ
ကျောင်းကပြန်လာတာနဲ့ အိပ်လိုက်တာ"

မြူနှင်းစက်သျှန်လည်း ပေါင်မုန့်တစ်ချပ် ယို အမြန်သုတ်ကာ ဖိနပ်စီးနေသော သဒ္ဒါထက်သျှန်ပါးစပ်ရှေ့ ထိုးပေးလိုက်သည်။

"ရော့ ဒါစားသွား
ဗိုက်ဆာနေမယ်
အပြင်က မစားခဲ့ဘူးမလား
ညစာပြင်ထားပေးမယ်
ဂျာကင်ယူသွားအုံးမလား ညဆို အေးတယ်"

"အင်း မယူတော့ဘူး
ရတယ် ကားနဲ့ဆိုတော့
ငါသွားပြီ"

သင်တန်းပထမဆုံးတစ်ပတ်မို့လား သင်တန်းချိန်ပင် မရောက်သေး လူစုံတက်စုံရောက်ရှိလို့နေလေပြီ။

သဒ္ဒါထက်သျှန်ဝင်သွားတော့ ပြတင်းပေါက်အနီးရှိ တစ်နေရာသာ ကျန်တော့တာကြောင့် ထိုနေရာမှာပင် ဝင်ထိုင်လိုက်၏။

များမကြာမီ ဆရာရောက်လာပြီး သင်တန်းပို့ချတော့သည်။

ပို့ချမှုများအပြီး ဆရာက အိမ်စာများပေးကာ သင်တန်းဆင်းပေး၏။

အပြင်ဖက်တွင် မိုးကလည်း သည်းကြီးမည်းကြီးရွာချနေလေသည်။

သဒ္ဒါထက်သျှန်ထွက်လာတော့ သင်တန်းသား အချို့လည်း လာကြိုသူကကြို ပြန်သူကပြန်နှင့် တစ်ယောက်စ နှစ်ယောက်စသာကျန်တော့သည်။

"အာ...
မိုးကလည်း ဒီအချိန်မှရွာရတယ်လို့"

"ဒယ်ဒီ...
ဟုတ် ဆင်းပြီ...
သမီးတစ်ယောက်ထဲပဲကျန်တော့တာ...
ရပါတယ် သမီး သင်တန်းရှေ့ကပဲ စောင့်နေမယ်လေ...
ဟုတ် ဒါဆိုလည်း တက္ကစီပဲ ငှားပြန်လိုက်မယ်...
ရပါတယ်...
ဟုတ်...ဟုတ်...
ဒါပဲနော် ဒယ်ဒီ"

သဒ္ဒါထက်သျှန် နောက်တွင် ဖုန်းပြောနေသော မိန်းကလေးကို အမှုမဲ့ အမှတ်မဲ့ လှည့်ကြည့်မိတော့ ထိုမိန်းကလေး၏ ဂါဝန်စပါးပါးလေးများက မိုးပက်ထားသဖြင့် မိုးရေစိုလို့ အသားနှင့်ပင် ကပ်နေလေပြီ။

ထိုမိန်းကလေးမှာ...
ခါးလည်လောက်ထိရှည်သည့် နက်မှောင်သော ဆံနွယ်ရှည်များကို ဖဲကြိုးလေးဖြင့် သေသပ်ကျနစွာ စည်းနှောင်ထား၏။

DEEPWhere stories live. Discover now