ထိုနေ့...
ထိုနေ့ အကြောင်းကို မြူနှင်းစက်သျှန် မှတ်ဥာဏ်ထဲတွင် အချိန်နှစ်နှစ်လောက် တစ်ခဏတာ မေ့ပျောက်ထားခဲ့မိသေးသည်။
ထိုနေ့၏ အရေးကြီးသည့် အကြောင်းအရာ memoryတစ်ချို့ကို မေ့နေခဲ့ပြီး ပြန်သတိရလာသည်မှာ မကြာသေး...
မနှစ်က Valentine dayမရောက်မှီ ရှေ့တစ်ရက်...
Flash back start...
မြူနှင်းစက်သျှန် ကျောင်းကအပြန် ချောကလက်ဝယ်ရန်
ကုန်တိုက်တစ်ခုသို့ဝင်လိုက်၏။သဒ္ဒါထက်သျှန်က သူငယ်ချင်းမွေးနေ့ပွဲရောက်နေသည်မို့ လာမကြိုအား...
ကိုကိုကလည်း အပြန်နောက်ကျမည်
ညစာအပြင်က စားခဲ့မည်ဆို၍
မြူနှင်းစက်သျှန်တစ်ယောက် အေးဆေးစွာပင် ကုန်တိုက်အတွင်း လျှောက်ပတ်ကြည့်နေလိုက်သည်။ချောကလက်ဆို ခါးခါးလေးမှ ကြိုက်တတ်သူ ကိုကို့အတွက် လှပစွာထုပ်ပိုးထားသော ရောင်စုံချော့ကလက် အချိုဗူးများကို မြူနှင်းစက်သျှန် မျက်စောင်းပင်လှည့်မထိုး...
မိမိမှာ အချိုကြိုက်သော်လည်း ကိုကိုက အခါးဆိုအခါး အချိုဆိုအချို...
ကိုကိုနှင့် လိုက်ပြီး appetite ပြောင်းပြောင်းသွားတတ်သူ....ကုန်တိုက်မှအပြန် လမ်းအကွယ်တစ်နေရာအရောက်တွင် မြူနှင်းစက်သျှန် နောက်မှ ကပ်ပါလာသော လူသုံးလေးယောက်၏ ခြေသံများကို သတိထားမိလေသည်။
"ရှေ့က ဟိုပေါက်စ
ခဏရပ်ပါအုံးကွာ
ချော့ကလက်တွေဝယ်လာတာပဲ
ဒီက အစ်ကိုကြီးတွေကို ကျွေးမလို့လား"တဖြည်းဖြည်း ခြေသံတို့က မြူနှင်းစက်သျှန် နှင့် နီးနီးလာပြီး နောက်ဆုံး မြူနှင်းစက်သျှန် ရှေ့တွင် ပိတ်ရပ်လိုက်၏။
လူလေးယောက်စလုံးက မြူနှင်းစက်သျှန်ကို ဝိုင်းထားသည့်ပုံစံ...
ထိုအထဲမှ ခေါင်းဆောင်ဖြစ်ဟန်တူသည့် လူတစ်ယောက်က မြူနှင်းစက်သျှန် လက်မှ ဆွဲထားသော အထုပ်ကလေးကို ဖြတ်ခနဲဆွဲယူကာ မြေကြီးပေါ်သို့ အကုန်သွန်ချလိုက်၏။
YOU ARE READING
DEEP
Romance»»»ငါ့ဘဝက မင်းကြောင့် ပျက်စီးခဲ့ရသလို မင်းဘဝကိုလည်း ငါကိုယ်တိုင် ဖျက်ဆီးပြမယ် မြူနှင်းစက်သျှန်... ငါမင်းကို သိပ်မုန်းတယ်... ဘုန်းရှိန်ဝါလွှမ်း »»»အရာအားလုံးက ကျွန်တော့်အမှားမို့ ဘာပဲ လုပ်ရလုပ်ရ အတတ်နိုင်ဆုံး ကျွန်တော် ပြန်ပေးဆပ်မှာပါ... ကိုကို ကေ...