သဒ္ဒါထက်သျှန် သင်တန်းရှေ့ရောက်သည်နှင့် ရင်းနှီးနေသော အသံလေးတစ်သံကို ကြားလိုက်ရ၏။
ခပ်လှမ်းလှမ်းရှိ သစ်အိုပင်ကြီးအောက်မှ...
"ခ တကယ် မပါလာလို့ပါ"
"အဲ့လောက်လေးကူညီခိုင်းတာကို ငါပြန်ပေးမှာပါ"
တစ်ဖက်မှ မိန်းခလေး တစ်ယောက်၏အသံ...
"ခ တကယ် မပါလို့ပါ
ဒီနေ့ လောလောနဲ့ ထွက်ခဲ့မိတာ
ပိုက်ဆံအိတ်က ကျန်နေခဲ့လို့ပါ"ဝန်းရံခကြွေ၏ အသံမှာ အားနာပြီး ခက်ခဲနေပုံ ပေါက်နေသည်မို့ သဒ္ဒါထက်သျှန်လည်း ထိုနေရာသို့ အမြန်သွားကာ ဝန်းရံခကြွေ၏ လက်ကလေးကို ဆွဲကိုင်လိုက်ပြီး...
"ငယ် လာပြီလား
ကိုနောက်ကျသွားတယ် စောင့်နေတာ ကြာပြီလား
ဝင်ရအောင်လေ ဆရာစောင့်နေပြီ"ဝန်းရံခကြွေမှာတော့ မျက်လုံးလေး အပြူးသားနှင့် သဒ္ဒါထက်သျှန် ဆွဲခေါ်ရာနောက်သို့ လိုက်ပါသွား၏။
သင်တန်းဆင်းသည်နှင့် ဝန်းရံခကြွေအိမ်မှ ကားရောက်နေပြီမို့ ဝန်းရံခကြွေလည်း အိမ်စောစောပြန်သွား၏။
သဒ္ဒါထက်သျှန်လည်း ဘာမှ မမေးလိုက်ရသလို စကားပင် မပြောလိုက်ရ...
နောက်တစ်နေ့မနက်တွင် ဘုန်းရှိန်ဝါလွှမ်းအတွက် မနက်စာ ထပြင်ပေးနေသော မြူနှင်းစက်သျှန်...
"မြူ နေကောင်းပြီလား"
"အင်း ကောင်းနေပါပြီ
ကျောင်းသွားဖို့ ပြင်တော့လေ""အင်း
ဒီနေ့ ငါလိုက်ပို့ပါ့မယ်
နင်နေကောင်းသေးတာလဲ မဟုတ်ဘူး
လေတိုက်ရင် လဲကျမဲ့ရုပ်နဲ့""ရပါတယ် ငါက..."
"မရဘူး
လိုက်ပို့မယ်
လုပ်... လုပ်...
ပြီးတာနဲ့ အတူတူသွားမယ်"ဘုန်းရှိန်ဝါလွှမ်းလည်း နံနက်စောစော အစည်းအဝေးရှိသည်မို့ စောစီးစွာထွက်သွား၏။
သဒ္ဒါထက်သျှန်ကတော့ မြူနှင်းစက်သျှန်၏ တစ်ရက်တာ ဒရိုင်ဘာ အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိ၏။
"မြူ သွားစရာရှိတာ သွားတော့လေ
အတန်းတက်ရအုံးမှာမလား
ညကျ ငါ့ဘာသာ ပြန်လိုက်မယ်
ဝင်မခေါ်နဲ့တော့"
YOU ARE READING
DEEP
Romance»»»ငါ့ဘဝက မင်းကြောင့် ပျက်စီးခဲ့ရသလို မင်းဘဝကိုလည်း ငါကိုယ်တိုင် ဖျက်ဆီးပြမယ် မြူနှင်းစက်သျှန်... ငါမင်းကို သိပ်မုန်းတယ်... ဘုန်းရှိန်ဝါလွှမ်း »»»အရာအားလုံးက ကျွန်တော့်အမှားမို့ ဘာပဲ လုပ်ရလုပ်ရ အတတ်နိုင်ဆုံး ကျွန်တော် ပြန်ပေးဆပ်မှာပါ... ကိုကို ကေ...