အနှစ်အနှစ်အလလ လက်တွဲမြဲလို့ ချစ်သက်ကြာရှည်
ခဲ့ပြီးနောက် ခမ်းနားဝင့်ထည်လှတဲ့မင်္ဂလာပွဲကျင်းပ
ုခဲ့သည် ။ ဆယ်ဟွန်းဟာ ဥက္ကဋ္ဌကြီးဆိုသော
အကြီးအကဲပုဂ္ဂိုလ်ဖြစ်ပေမဲ့ မင်ဆော့ကတော့ သူ့ဆန္ဒ
သူ့သဘောထားအရ အရင်အလုပ်လုပ်ခဲ့တဲ့ဋ္ဌာနမှာတင်
အလုပ်ပြန်ဝင်ခဲ့သည် ။ မင်ဆော့၏သဘောဆန္ဒဆိုရင်
ဆယ်ဟွန်းဟာ ဝင်မတားမြစ် ။ သဘောရှိဆောင်
ရွက်ပါခင်ဗျာ ဆိုပြီးရွှတ်နောက်နောက်ပင်စခဲ့သေး၏။သည်ကနေ့. ရုံးတက်ကာ ဋ္ဌာနမှာအလုပ်ပြန်ဝင်ခဲ့၏။
" ကျွန်တော် လုပ်ပေးပါ့မယ် "
" အို မဟုတ်တာ အစ်မဘာသာပဲလုပ်လိုက်ပါ့မယ်"
အရင်တုန်းကဆို ကော်ဖီထဖျော်ခိုင်းတတ်တဲ့စီနီယာ
အစ်မကြီးက. အခုဆို မင်ဆော့ကိုမခိုင်းဝင့်တော့ ။
ကုမ္ပဏီ၏ဥက္ကဋ္ဌကြီးလက်ထပ်ယူထားတဲ့ ကောင်လေး
ကို သူ ခိုင်းဝင့်ပါတော့မလား ။ စီနီယာတယောက်
ဖြစ်နေတာတောင် သူ့ကိုရိုရိုကျိုးကျိုးပင်ဆက်ဆံသွား
၏ ။ ဋ္ဌာနက စီနီယာတွေကလဲ အရင်နဲ့မတူ အကုန်
ပြောင်းလဲကုန်ကြသည် ။ သူ့ကိုဆို ဘာအလုပ်မှ
မခိုင်းကြတော့ ။ သူ့ကိုယ်သူတောင် ဋ္ဌာနထဲမှာ လူပို
တယောက်လို့တောင် ထင်လာမိသည့်အထိ ။" ဟူး အနေရတောင်ခက်လာပြီ "
စိတ်ပျက်လက်ပျက်နဲ့. နောက်မှီကိုလျော့ရဲရဲမှီထိုင်
လိုက်ကာ ညည်းတွားသံပြုလိုက်တော့ ဘေးခုံက
ဂျင်ဝူးကရယ်သည် ။ ကွန်ပျုတာမျက်နှာပြင်ကိုအကြည့်
လွှဲ ၊ လက်တွေကလဲကီးဘုတ်ပေါ်မှာလှုပ်ရှားနေရာ
ကနေ. ရပ်တန့်သွားပြီး မင်ဆော့ကိုစောင်းငဲ့ကြည့်လာ
၏ ။" ငါသာ မင်းနေရာမှာဆို ပျော်ပျော်ကြီးနေပစ်မှာ "
" မနေချင်ပါဘူး ငါ့စိတ်ကိုလဲမင်းအသိပဲ အလုပ်မလုပ်
ရဘဲ အချောင်မနေနိုင်ပါဘူး "