( Zawgyi )🍸Alcoholic Jeon🍸
" Jeon. . . ဒီကမ္ဘာမြေပြင်ကြီးမှာ
လူပေါင်းမြောက်များစွာရှိတယ်
အဲ့ထဲမှာ ငါလဲပါတယ်"" မင်းပိုင်ဆိုင်တဲ့ ငါလဲပါတယ်"
" ဒါပေမယ့် ကမ္ဘာကြီးအတွက်တော့
ငါက လူတွေထဲက လူတစ်ယောက်ပဲ Jeon"" တစ်ယောက်ထဲသော ငါ့အတွက်တော့
မင်းက ကမ္ဘာကြီးလေ"" Jeon အချစ်စစ်မစစ် ဘယ်လိုစမ်းလဲ"
" ငါမသိဘူး Tae Hyung"
********************
" Jeon ကြက်သားဆန်ပြုတ်
သောက်လိုက်နော်
ငါကိုယ်တိုင် ပြုတ်ထားတာ"" ငါမကြိုက်ဘူး"
အားမရှိသည့်အတွက်
ဆေးပိုက်အချို့
သူ့လက်မှာချိတ်ထားရသည်။
ကြက်သားဆန်ပြုတ်ကို
တိုက်ခန်းပြန်ရင်း
ကိုယ်တိုင်ပြုတ်လာခဲ့ရတာ
မစားချင်ဘူးဆိုတော့လဲ
အတင်းအကြပ်မတိုက်တွန်းချင်...
သူစိတ်မချမ်းသာမည့်အလုပ်ကို
ကျနော်မလုပ်ပါ" Tae Hyung...."
ထို့နောက်
သူ ညင်ညင်သာသာခေါ်လာ၏။
ညှိုးငယ်နေသော
မျက်နှာလေးကြောင့်
အပြုံးလေးနှင့်သာ
ခေါင်းလေးကို ဖွလိုက်ပြီး. . . ." ပြောလေ Jeonရဲ့
ဘာလိုချင်လို့လဲ "" ဘာမှမလိုချင်ပါဘူး
ငါသောက်မယ်နော်
မင်းပြုတ်လာတာဆိုတော့
နှမြောတယ် "" ဒါဆို ငါခွံ့ကျွေးမယ်နော် အာ..."
ပန်းကန်ထဲမှတစ်ဇွန်းခပ်ပြီး
သူ့နှုတ်ခမ်းနားတေ့ပေးတော့
ရှုံ့မဲ့နေသည်။
ရှုံ့မဲ့နေသည့်ကြားကပင်
ဆန်ပြုတ်တစ်ဇွန်းသောက်လျှင်
ဘေးက ရေတစ်ငုံသောက်သည်။
Jeonရာ မစားနိုင်ပဲနေတော့မှာပဲ...ဆန်ပြုတ်တစ်ဇွန်း ခပ်တိုက်လိုက်
တစ်ခါအာဟုအော်ရင်း
ကျွေးလိုက်နှင့်
ရှုံ့မဲ့နေရှာသော
သူ့မျက်နှာလေးကချစ်စရာ...နောက်ဆုံးတော့
ကြိတ်မှိတ်သောက်ခဲ့လိုက်တာ
တစ်ဇွန်းသာကျန်တော့သည်။
သို့သော်
ကျနော့်Jeonဆိုတာ
ကတ်သီးကတ်သတ် လုပ်တတ်သေးသည်။
أنت تقرأ
Alcoholic Jeon
عاطفيةSeme / Seme အဖန်တစ်ရာလဲလဲ အနိုင်ယူအကဲစမ်းခဲ့ဖူးတဲ့ငါက မင်းအသွေးသားမှာ ပထမဆုံးကျရှုံးခဲ့မိတယ် မင်းသိတယ်မလား...? Alcoholicနဲ့တူသောငါရဲ့ Jeon...? Kim Tae Hyung ____________________ Seme / Seme အဖန်တစ်ရာလဲလဲ အနိုင်ယူအကဲစမ်းခဲ့ဖူးတဲ့ငါက မင်းအသွေးသားမ...