Alcoholic Jeon - 7

3.7K 384 27
                                    

( Zawgyi )

" Jeon ယုံကြည်မှုဆိုတာ ဘာလဲသိလား"

" ငါ့ယုံကြည်မှုက
   မျက်လုံးစုံမှိတ်ထားသလိုမျိုး"

" ဟင့်အင်း Jeon
  ငါ့ယုံကြည်မှုက
  မျက်လုံးစုံဖွင့်ထားသလို "

" ဘယ်လောက်ထိ
  ရှည်ကြာနိုင်မှာလဲ Tae Hyung"

" အမြဲထက်ကို ပိုတဲ့
  နိဂုံးမဲ့ ရှင်သန်ခြင်းအထိ...."

" ယုံကြည်မှုကို ငါလုပ်ယူရင်ရော"

" ငါ့ယုံကြည်မှုက မင်းကိုယ်တိုင်မို့...
   မင်းက ယုံကြည်ပေးပါဆိုရင် ဖြစ်တယ် "

                 *Alcoholic Jeon*

" Tae Hyung ငါ...ငါမလုပ်ဘူး"

" ငါယုံတယ် Jeon
  ငါ့Jeonအကြောင်း ငါသိတယ်"

ပွေ့ဖက်ထားနေမိဆဲ
သူ့ကျောပြင်ကို
တစ်သိမ့်သိမ့်တုန်နေသည့်ကြားကပင်
ပွတ်သပ်လျှက်ရှိသည်။
ယုံကြည်ဖို့ရာ
တစ်တွတ်တွတ်ပြောနေရှာသော
ကျနော့်Jeon....
ကျောပြင်ကိုသာ ညင်သာစွာပုတ်၍...

" မင်း ငါ့ကိုအထင်လွဲနေတာ
  ငါစိတ်ချမ်းသာအောင်
  ယုံတယ် ပြောတာမလား"

ရှိုက်သံအထွေထွေနှင့်
ဗလုံးဗထွေးဖြစ်သံတို့
ရောယှက်ကာ
သူပြောလာ၏။
ငါ့ယုံကြည်မှုက
မင်းကိုယ်တိုင်ပါJeonရယ်...

" Jeon့ ကိုယုံတယ်
  ငါ့Jeonကို ငါ
  ဘယ်တုန်းကလိမ်ခဲ့ဖူးလို့လဲ
  ဟင် . . . Jeonပြန်စဉ်းစားကြည့်ပါဦး
  Jeon့ကို မလိမ်ခဲ့ဖူးဘူးလေ "

" ဒါဆို သူမကို
  ငါ့သဘောကျနေပေးဖို့...."'

ဆက်ပြောလာမည့်ဆဲဆဲ
အသံစိပ်စိပ်တို့ကို
လက်ညိုးဖြင့်ဖြတ်တောက်လိုက်သည်။
ပါးလွှာသည့်
Jeonနှုတ်ခမ်းဖြူဖြူတွေကို
ပွတ်သပ်ပေးနေလိုက်ပြီး....

အလှပဆုံးကြိုးစားပြုံးလျှက်...
ကိုယ့်ယုံကြည်မှုဟာ
သူကိုယ်တိုင်ပင် ဖြစ်သည့်တိုင်...

" တကယ်လို့
  မင်းအဲ့လိုလုပ်ခဲ့မယ်ဆိုတောင်
  ငါဒီလိုလုပ်ပေးနိုင်တယ်
  မင်းသူမကို တကယ်လိုချင်ခဲ့ရင်တောင်
  ငါသူမကို ကြည်ဖြူစွာလက်ထပ်ဦးမှာဘဲ
  ဒါ မပြောင်းလဲတဲ့
  ငါ့ သစ္စာတရား. . . Jeon "

Alcoholic JeonHikayelerin yaşadığı yer. Şimdi keşfedin